Vietnam က မြန်မာ passport holder တွေ အတွက် visa exemption ရက် ၃၀ ရလို့ .. အလုပ်ရှုပ်ခံစရာမလိုဘဲ passport ရှိယုံနဲ့ အလွယ်တကူသွားလို့ရပါတယ် .. Emma ကတော့ မြန်မာကနေ တိုက်ရိုက်သွားတာ မဟုတ်ဘဲ တခြားနိုင်ငံတွေကနေ သွားတာဖြစ်လို့ လေယဉ်ခ သိပ်မကုန်ခဲ့ဘူး .. တိုက်ရိုက် ထက်စာရင် ဘန်ကောက်ကနေ transit နဲ့ သွားတာက ပိုပြီး သက်သာ အဆင်ပြေမယ် .. ဘန်ကောက်ကိုလည်း လည်ပတ်ရင်း တစ်ခါတည်း သွားလို့ရတယ် ..
အချိန်ရပြီး အပင်ပမ်းလည်းခံနိုင်တယ်ဆိုရင် .. ကားနဲ့ပဲ Cambodia ဖက်ကဖြစ်ဖြစ် Laos ဖက်ကဖြစ်ဖြစ် သွားလို့ရပါတယ် .. ( ၃ နိုင်ငံ ဆက်တိုက် သွားတဲ့ အကြောင်းလေး တခြားပို့စ်မှာ တင်ပေးဖူးပါတယ် သိချင်ရင် ရှာဖတ်ကြည့်နော် )
Vietnam ကို မြေပုံမှာ ကြည့်ရင် ပိန်ပိန်ရှည်မျောမျောလေး ဖြစ်နေလို့ အလျားလိိုက်မကျယ်ဝန်းပဲ .. တောင်နဲ့မြောက်ကို တော်တော်လေး ဝေးပါတယ် ..
ပြောချင်တာက ကိုယ်သွားမဲ့အခါ တောင်ပိုင်းကို လည်ချင်တာလား .. မြောက်ပိုင်းကို လည်ချင်တာလား အရင်ရွေးရပါမယ် .. ၂ ခုလုံးဆိုရင်တော့ လေယဉ်နဲ့ ကူးမှ အဆင်ပြေမယ်ပေါ့နော် ..
Emma ကတော့ တောင်ပိုင်း Hochimin City ကို သက်သက် တစ်ခေါက်သွားပြီးတော့ .. နောက်တစ်ခေါက်ကျမှ .. မြောက်ဖက်က Hanoi နဲ့ Halong bay ကို သွားခဲ့တာပါ .. နိုင်ငံရဲ့ အလယ်နားလောက်မှာလည်း နာမည်ကျော် Bana hills ရှိတဲ့ Danang မြို့လေးကလည်း Tourist တွေ တော်တော်သွားကြတဲ့နေရာပါ ..
Hochimin city လို့ အခုပြောင်းလဲ ခေါ်ဝေါ်ကြတဲ့ .. Saigon မြို့လေးကတော့ ကားနဲ့သွားမယ်ဆို Cambodia ကနေ သွားရတာပါ .. လူဦးရေထူထပ်ပြီး စီးပွါးရေး အချက်အချာ အကျဆုံးမြို့ဖြစ်တာကြောင့် အလည်အပတ် သီးသန့်သွားဖို့တော့ သိပ်အကြံမပေးချင်ဘူး .. လမ်းကြုံလို့ ဝင်လည်ဖြစ်ရင်တော့ လည်ပေါ့ .. Saigon မှာ ဘယ်တွေ လည်လို့ရလဲဆိုရင် Hochimin ရုပ်တုရှိတဲ့ Nguyen Hue Street , ဒုတိယကမ္ဘာစစ်တုန်းက အသုံးပြုခဲ့တဲ့ Chu Chi Tunnels (သမိုင်းအကြောင်း စိတ်ဝင်စားတဲ့သူတွေ သွာရသင့်တယ်) , အနုပညာမြောက် လက်ရာ ရုပ်တုတွေ ကြည့်ချင်ရင်တော့ Theme park ကို သွားဖြစ်အောင် သွားပါ .. နောက်တစ်ခုက မဲခေါင်မြစ်ကမ်းမှာ လှေစီးပြီး လျှောက်ကြည့်ရတဲ့ Tour ( Emma ကတော့ အချိန်မရလို့ မသွားခဲ့ဘူး) .. ပြီးရင် Nightlife အတွက် Bar Street, Pub Streets တွေ အများကြီး .. တစ်ညလုံး လူတွေစည်ချက် .. မနက် ၂ နာရီတောင် လမ်းတွေ ထပိတ်နေတာ .. ကံဆိုးချင်တော့ Emma တည်းတဲ့ နေရာရဲ့ ရှေ့တည့်တည့်မှာ dance club ရှိတော့က တစ်ညလုံး ဆူညံ အိပ်မရ .. အပေါင်းအသင်းနဲ့ ကဲချင်ရင်တော့ အဆင်ပြေတယ် ..
မြောက်ပိုင်းက မြို့တော် Hanoi မှာဆိုရင်လည်း Night life စည်ကားပုံချင်းက အတူတူပဲ .. ဒါပေမဲ့ Hanoi မှာက Tour တွေပိုပေါတယ် .. မြို့ထဲမှာ လည်စရာ ကြီးကြီးမားမားမရှိပေမဲ့ .. မြို့ကနေ ၃၊၄ နာရီ စီးရတဲ့ အကွာအဝေးမှာ Sapa လိုမျိုး တောင်ပေါ်ရွာလေးတွေ ၊ Halongbay Tour နဲ့ တခြားသော လည်ပတ်စရာ နေရာတွေများလို့ .. ကိုယ့်စိတ်ကြိုက် .. Daytrip or 1Night , 2Nights သွားလို့ရပါတယ် .. မြို့ထဲကမှာကတော့ Chinese Temples တွေ Churches တွေနဲ့ Night Market စျေးတန်းတွေနဲ့ စည်ကားပါတယ် .. Westerners တွေ အဓိက ကြိုက်တဲ့ နေရာလည်းဖြစ်လို့ ဘယ်သွားသွား လူဖြူတွေနဲ့ ပြည့်နေတာ မြင်ရမှာပါ .. Emma တို့တည်းခဲ့တဲ့ Hostel မှာဆိုရင်လည်း backpackers တွေ အချင်းချင်း ခင်ကြပြီး အတူတူ စားကြသောက်ကြ လျှောက်လည်ကြနဲ့ ပျော်စရာ ကောင်းပါတယ် ..
မြန်မာ Tourists တွေကော .. တခြားနိုင်ငံသားတွေကြားမှာကော အရမ်းကို နာမည်ကြီးပြီး popular ဖြစ်တဲ့နေရာကတော့ .. လက်ပုံစံ တံတားကြီးရှိတဲ့ Bana hill ရှိရာ Danang မြို့ပါ .. Bana hill tour က အချိန် တစ်ရက်လုံး ပေးပြီး သွားရတာပါ .. အထဲမှာ Universal တို့ Disney Land တို့လို လည်စရာတွေ အများကြီးနဲ့ စီးစရာ Rides တွေ လည်းပါလို့ .. အချိန်ပေးပြီး သွားသင့်တဲ့ နေရာ တစ်ခုပါ .. Emma နဲ့ Emma သူငယ်ချင်းကတော့ အချိန်မရလို့ မသွားဖြစ်ခဲ့လိူက်ဘူး (အရမ်းသွားချင်တာကို) .. နောက်တစ်ခေါက်မှပဲ သွားဖြစ်အောင် သွားတော့မယ်
တခြား လည်စရာတွေကတော့ မြို့ကနေ အပြင် နည်းနည်းထွက်လိုက်ရင် .. ဘုရားကျောင်းတွေ Templates တွေနဲ့ အရမ်းရှုခင်းလှတဲ့ တောင်ပေါ်နေရာလေးတွေရှိပါတယ် .. Grab က မြို့အတွင်းမှာဆို အဆင်ပြေပေမဲ့ .. မြို့ပြင်ဆိုရင် ငှါးဖို့ခက်ပါတယ် .. အဲဒါမို့ rental car ဒါမှမဟုတ် ဆိုင်ကယ်နဲ့ပဲ သွားလို့ရပါတယ် .. မြို့ထဲပဲ သွားမယ်ဆိုရင်တော့ နာမည်ကျော် တရုတ်ဘုံကျောင်းတွေ နဲ့ Golden dragon bridge ကို သွားကြည့်သင့်ပါတယ် .. Danang မြို့ရဲ့ landmark တစ်ခုဖြစ်နေလို့ပါ ..
နောက်ထပ်ပြီး အချိန်ပေးနိုင်ရင်တော့ Hoi An is the must ပါ ..
အပမ်းဖြေ နေရာလေးသီးသန့်ဖြစ်လို့ မြို့ကြီးတွေမှာလို လူရှုပ် လူတိုးရတာမျိုးမရှိဘဲ .. အရမ်းကို အေးချမ်း လှပတဲ့ ပတ်ဝန်းကျင်လေးနဲ့ တော်တော် စိတ်အပမ်းပြေဖို့ကောင်းတဲ့ နေရာလေးတစ်ခုပါ ..
Danang မြို့ကလည်း Hanoi တို့ Hochimin တို့လို့ မြို့ကြီးဖြစ်တာကြောင့် International flight တွေနဲ့ တိုက်ရိုက် သွား/ပြန်လို့ရပါတယ် .. စျေးလည်းသိပ်မကွာလို့ အဆင်ပြေပါတယ် .. Emma ကတော့ ဘန်ကောက်ကနေပဲ သွားတာမို့ မြန်မာတိုက်ရိုက် လေယဉ်စျေးတော့ သေချာမသိပါဘူး ..
ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်မယ်ဆိုရင်တော့ Hanoi ရှိရာမြောက်ပိုင်းနဲ့ Danang ရှိရာ အလယ်ပိုင်း တို့ကိုပဲ သွားကြည့်ကြဖို့ အကြံပေးချင်ပါတယ် ..
ပို့စ်လည်း တော်တော်လေး ရှည်နေပြီမို့ ဒီမှာပဲ နားပါမယ် .. တခြား သိချင်တဲ့ အကြောင်း အရာတွေရှိရင် message ပို့ပြီး မေးလို့ရပါတယ် .. အားလုံးကို ကျေးဇူးပါ