အိန္ဒိယမှာလေ တချို့ ပြတိုက်တွေ .. အထိမ်းအမှတ်နေရာတွေမှာ ဝင်ကြေးပေးရရင် သေချာသတိထားပြီးကြည့်ပါ ..
BIMSTEC citizens ဆိုတဲ့နေရာမှာ Myanmar နိုင်ငံသားတွေ အကြုံးဝင်လို့ ဒီနေ့ဆို foreigner ကြေး မပေးရဘဲ .. 40 rs ပဲပေးရတယ် ..
သေချာသာမကြည့်မိရင် 600 rs တောင်ပေးရမှာ
နေရာတိုင်းတော့မဟုတ်ပါဘူး .. တော်တော်များများကတော့ local/foreigner ပဲ ခွဲထားတာ .. ဒါပေမဲ့ Taj Mahal မှာလည်း အဲဒီလိုပဲပါလို့ သက်သာတယ် ..
ဥပမာ တခြားနိုင်ငံသားတွေဆို 1000 ပေးရမဲ့နေရာမှာ .. ကိုယ်တွေက 500 ပဲပေးရတာမျိုး …
မသွားခင် online က တစ်ချက်ရှာကြည့် .. မဟုတ်ရင်လည်း ticket counter တွေမှာ ရေးထားလား ကြည့်ကြည့်ပေါ့ .. ကိုယ်ကတော့ ဝင်ခါနီးမှ တွေ့တော့ surprise ပေါ့ ပျော်သွားတာ .. 500 လောက် သက်သာလည်း မနည်းဘူးလေ
Prev post
Diving In Redsea (Hurghada)
Next post
Varanasi
Related Posts
- 3 weeks ago
- 7 months ago
- 7 months ago
- 8 months ago