Egypt ဆိုတာကတော့ Emma တို့ငယ်ငယ်လေးတည်းက ပုံပြင်တွေ ရုပ်ရှင်တွေကြည့်ပြီးတော့ အရမ်းကို စိတ်ဝင်စားခဲ့ပြီး ကိုယ်တိုင်သွားကြည့်ချင်ခဲ့တဲ့ နေရာလေးတစ်ခုပါ .. Pyramids တွေ Mummy ရုပ်အလောင်းတွေနဲ့ တခြား လူတွေမသိနိုင်သေးတဲ့ အကြောင်းအရာတွေ အများကြီး လျှို့ဝှက်စွာတည်ရှိနေတဲ့ နေရာတစ်ခုဆိုလည်းမမှားပါဘူး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက .. ရှေးဟောင်းသုသေသနပညာရှင်တွေ ၊ သမိုင်းလေ့လာသူတွေက အမျိုးမျိုး ရှာဖွေလေ့လာခဲ့ပေမဲ့ .. အခုထိတိုင် အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ ကျန်ရှိနေပါသေးတယ် ဥပမာ .. ပိရမစ်တွေကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ ၊ ဘာအတွက်ဆောက်ခဲ့တာလဲ…
Emma ငယ်ငယ်က စာမှာသင်ဖူးတဲ့ 7wonders က နေရာတွေဆို အရမ်းရောက်ဖူးချင်တာ .. အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ Mumtaz Mahal ရဲ့ ဂူဗိမာန် Taj Mahal ကိုပေါ့ .. အပြင်က ကြည့်လိုက်ရင် .. လူသေမြှုပ်နှံထားတဲ့ နေရာလို့တောင် မထင်ရဘဲ .. အရမ်းကို လှပတဲ့ ဥယာဉ်တော်ကြီး ရေကန်ကြီးနဲ့ ယမုံနာမြစ်ကမ်းရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေနဲ့ ခမ်းနားလှတဲ့ နန်းတော်ကြီး တစ်ခုလိုပဲ .. Taj Mahal တည်ရှိတဲ့…