Egypt ကို ဘယ်လို သွားခဲ့တာလဲ .. review လေး ပြန်ရေးပေးပါဆိုလို့ .. Emma သွားခဲ့တဲ့ ခရီးစဉ်အစ အဆုံးကို အတိုချုံးပြီးပြောပြပေးမယ်နော် ..
Emma ပို့စ်တွေတင်ရင် ခရီးစဉ်အစအဆုံး တင်တာမျိုးသိပ်မရှိပါဘူး .. ဘာလို့လည်းဆိုတော့ .. Emma က တစ်နိုင်ငံရောက်ရင် အချိန် အနည်းဆုံး ၃ ပတ် အများဆုံး ၃ လ လောက်ထိ နေပြီး လည်ပတ်တာမို့ .. ပြောစရာအကြောင်းအရာတွေကအရမ်းများလို့ပါ .. အဲဒါမို့ ပို့စ်လေးတွေ ခွဲခွဲပြီးတင်ပေးတာ ..
ဒါပေမဲ့ ဒီတစ်ခါမှာတော့ သိချင်တဲ့သူတွေအတွက် နေရာ တစ်ခုချင်းစီရဲ့ details တွေ မပါဝင်ပဲ overall လေးပဲ ပြောပြသွားမယ်နော် .. ထပ်ပြီးတော့ သိချင်တာရှိရင် Emma ကို messenger ကနေ လာမေးလို့ရပါတယ် ..
Emma က Egypt ကို မနှစ်က 2023 May လထဲမှာ သွားခဲ့တာပါ .. အကြောင်းက Egypt ရဲ့ ဆောင်းတွင်းက March လလောက်ထိဖြစ်ပြီးတော့ တော်တော်လေးအေးပါတယ်.. April ကတော့ သွားဖို့ အကောင်းဆုံးအချိန်ပါပဲ .. Emma ကတော့ Visa လုပ်တုန်းက စာရွက် စာတမ်းတစ်ခု လိုလို့ တစ်လလောက် နောက်ကျသွားတာ .. Dubai ကနေ Visa လျှောက်တဲ့ ပုံစံလေးကိုလည်း ပို့စ်လေးသပ်သပ်နဲ့ တင်ပေးပါမယ် ..
Dubai ကနေ Egypt ကိုဆိုရင် Oneway မှ USD 100 ကျော် ပဲရှိတာပါ .. ကြာချိန်ကလည်း ၂ နာရီခွဲလောက်ပါပဲ ..
Cairo လေဆိပ် ရောက်ရောက်ချင်း SIM card ဝယ် ပြီးတော့ Taxi ကို App ကနေ book လို့ရပါတယ် .. တစ်ခု သတိထားရမှာက သူတို့ဆီက ကားနံပါတ်တွေက Arabic လိုဖြစ်လို့ ဖတ်ရအဆင်မပြေပါဘူး .. အဲဒါကြောင့် Emma ကတော့ 1-10 လောက်ကို ဖတ်တတ်အောင် လုပ်ထားလိုက်ပါတယ် .. Taxi စျေးတွေကတော့ သက်သာပါတယ် တစ်နာရီကျော်လောက် ဝေးတဲ့ ခရီးကို တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်လောက်ပဲပေးရတာပါ .. ဟိုနား ဒီနားဆိုရင်တော့ မြန်မာငွေ ၃၊၄ ထောင်နဲ့ရပါတယ်
စစချင်း Pyramid တွေရှိတဲ့ Giza မှာ ၂ ညလောက် နေခဲ့ပါတယ် .. Giza မှာကတော့ လည်ပတ်စရာ pyramid တွေက လွဲရင် တခြား သိပ်မရှိလို့ ၂ ၊၃ ရက် လောက်နေရင်ရပါတယ် .. Hotel ခတွေလည်း စျေးသိပ်မကြီးပါဘူး .. ပိရမစ် view နဲ့ဆိုရင်တော့ စျေးပိုပေးရပါတယ် .. မြငိးစီးဝါသနာပါရင်တော့ Giza မှာ Arab မြင်းအကောင်းစားကြီးတွေ ရှိပါတယ် ..
နောက်ရက်မှာတော့ နာမည်ကြီး Attraction နေရာလေးဖြစ်တဲ့ Luxor မြို့ကို Bus နဲ့ သွားခဲ့ပါတယ် .. Egypt မှာ တစ်မြို့နဲ့ တစ်မြို့ ကူးဖို့အတွက်ဆိုရင် Gobus ကို သုံးပါ .. online ကနေဝယ်လည်းရလို့ အဆင်ပြေပါတယ်..
Luxor ကို ရောက်ရင် တော့ ရှေးဟောင်းဘုရားကျောင်းတွေ နဲ့ ဘုရင်အဆက်ဆက် မြှုပ်နှံခဲ့တဲ့ valley of the kings/queens နဲ့ တခြားလေ့လာစရာ နေရာတွေအများကြီးပါ .. အဲဒီနေရာတွေက နိုင်းမြစ်ရဲ့ အနောက်ဖက်ကမ်း မြို့နဲ့ဝေးတဲ့နေရာမှာရှိတာကြောင့် လူများရင်တော့ ကားငှါးသွားလို့ အဆင်ပြေပေမဲ့ .. solo traveller တွေအတွက် Emma အကြံပေးချင်တာကတော့ group tour လေးတွေ join ပြီးသွားကြပါ .. တခြားအဖော်တွေလည်းရတယ် Guide လည်းပါလို့ အဆင်ပြေမှာပါ ..
Luxor ကတော့ နယ်မြို့လေး ဖြစ်တာကြောင့် Cairo တို့ Giza တို့လို လူအရမ်းမထူထပ်ဘဲ နေလို့ပိုအဆင်ပြေပါတယ် .. ဒါပေမဲ့ သတိထားရမှာ တစ်ခုက Tourist တွေ အလာများတဲ့နေရာ တစ်ခုဖြစ်လို့ Scammers တွေလည်းပေါပါတယ် .. တစ်ခုခုဆို ကိုယ်တည်းတဲ့ hotel က ယုံကြည်ရတဲ့သူကို မေးပါ .. ပစ္စည်းဝယ်တာတို့ ဘာတို့ဆို စျေးသေချာ စုံစမ်းပြီးမှ ဝယ်တာ ပိုအဆင်ပြေပါတယ် .. နောက်တစ်ခုက google translate မှာ scan လုပ်ပြီး translate လုပ်တဲ့နည်းကို သုံးပါ .. local restaurants တွေ အများစုက English menu တွေ သိပ်မရှိကြပါဘူး .. ရှိရင်လည်း စျေးပိုများတတ်လို့ .. ကိုယ့်ဖာသာပဲ ဘာသာပြန်ကြည့်ပြီး ဖတ်တာပိုအဆင်ပြေပါတယ် ..
Emma ကတော့ Luxor မှာ နေလို့ကောင်းလို့ ၄၊၅ ရက်လောက် နေခဲ့ပါတယ် .. အပြင်ထွက် မလည်ဖြစ်တဲ့ရက်ဆို နိုင်းမြစ်ကမ်းဘေးသွား လမ်းလျှောက် မုန့်စားနဲ့ အေးအေးချမ်းချမ်းရှိလို့ပါ .. ရာသီဥတု အကြောင်းပြောရရင်တော့ Emma သွားတဲ့အချိန်က ဆောင်းအကုန် နွေအကူးဖြစ်တာကြောင့် ရောက်ရောက်ချင်းရက်တွေမှာ အေးပြီးတော့ .. နောက်ရက်တွေမှာ တဖြည်းဖြည်း temperature မြင့်လာပါတယ် ..
အစက Abu simbel ရှိတဲ့ Aswan မြို့ကို သွားဖို့ စဉ်းစားထားပေမဲ့ .. ရာသီဥတုက ပူတာ တစ်ကြောင်း .. တိုက်ရိုက်ရောက်တဲ့ Bus မရှိတာက တစ်ကြောင်း Aswan ကို မသွားဖြစ်ခဲ့ပါဘူး .. လေယဉ်တွေရှိပေမဲ့ အရမ်းစျေးကြီးပါတယ် .. နောက်တစ်ခု မှာချင်တာက .. Egypt မှာ ရထား လုံးဝ လုံးဝ မစီးပါနဲ့
Foreigners ဆိုရင် ပုံမှန်ထက် ၁၀ ဆ စျေးမြင့်လို့ပါ ..
ထပ်ပြီးတော့ အရေးကြီးတာလေးတစ်ခုက .. Aswan ဆိုတဲ့မြို့က Egypt မှာ ရှိတဲ့ တခြားမြို့တွေလို လူအများကြီး နေကြတဲ့မြို့မဟုတ်သလို နိုင်ငံရဲ့ တောင်ဖက် အစွန်ဆုံးမှာ တည်ရှိပြီး ဆူဒန်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့နေရာ မှာ ရှိတာကြောင့် အရမ်းကြီး safe မဖြစ်တဲ့ အထဲပါပါတယ် .. Group လိုက် Tour company တွေနဲ့ သွားရင် ပြသနာမရှိပေမဲ့ .. solo traveller တွေအတွက်ကတော့ သတိထားသွားရမဲ့နေရာတစ်ခုပါ .. Luxor မှာ သိခဲ့တဲ့ တရုတ်ပြည်က ကောင်မလေး တစ်ယောက်ဆိုရင် Taxi driver က ပိုက်ဆံအိတ်လုခံရတာ ကြုံခဲ့တယ်လို့ Emma ကိုပြောပြလာလို့ပါ .. ဒါပေမဲ့ သူက မကြောက်တတ်တဲ့သူဖြစ်လို့ ဒရိုက်ဘာဆီက မရမက ပြန်လုနိုင်ခဲ့ပါတယ် .. တခြားလူဆိုရင်တော့ မပြောတတ်ဘူး
Emma ကတော့ Luxor ကနေ Aswan ကို မသွားဖြစ်တော့ဘဲ .. Hurhgada ဆိုတဲ့ ပင်လယ်ကမ်းခြေ မြို့လေးကို သွားခဲ့တာပါ .. Emma အရင်ပို့စ်တစ်ခုမှာ ပင်လယ်နီ Red Sea မှာ Boat trip သွားခဲ့တဲ့အကြောင်းပါပါတယ် .. အသေးစိတ်သိချင်ရင် အဲဒါလေး ပြန်ရှာဖတ်ကြညိ့နော် .. Hurhgada ကတော့ ကမ်းခြေမြို့လည်းဖြစ်တယ် .. ရာသီဥတုကလည်း မျှတတာကြောင့် ၄၊၅ ရက်လောက် ကြာအောင် နေဖြစ်ပါတယ် .. အတူနေတဲ့ Hostel မှာ သူငယ်ချင်းတွေလည်းရလို့ .. မုန့်တွေလုပ်စားလိုက် ဂိမ်းတွေဆော့လိုက်နဲ့ မပျင်းရပါဘူး ..
အဲဒါပြီးတော့ Alexandria မြို့ကို Bus နဲ့ပဲ ကူးခဲ့ပါတယ် .. ခရီးအကွာအဝေးပေါ်မူတည်ပြီး ကြာချိန်က ၈ နာရီကနေ ၁၂ နာရီလောက်ထိ အသီးသီးရှိကြပါတယ် .. Alexandria ကတော့ Cairo ပြီးရင် အကြီးဆုံးမြို့ဖြစ်ပြီးတော့ အရင်ခေတ်အဆက်ဆက်ထဲက နာမည်ကြီးခဲ့တဲ့ မြို့တစ်ခုပါ .. ရောမအင်ပါရာ နယ်ချဲ့ခဲ့တုန်းက စစ်ချီလာတိုင်း Alexandria မှာ စစ်ပွဲတွေဖြစ်ကြလို့ပါ .. သူက ဟိုဖက် ဥရောပတိုက်နဲ့ဆို မျက်နှာချင်းဆိုင်အနေအထားနဲ့ ပင်လယ်လေးပဲ ခြားတာဆိုတော့လေ ..
ကလီယို ပက်ထရာ ဘုရင်မနဲ့ စစ်သူကြီး ဂျူးလိယက်ဆီးဇာ တို့ရဲ့ အချစ်ဇာတ်လမ်း အစပြုခဲ့တဲ့ မြို့ဆိုရင်လည်း မမှားပါဘူး ..
Alexandria ရဲ့ အသေးစိတ်လေးတွေကိုလည်း အရင်ပို့စ် တစ်ခုမှာတင်ထားတာရှိလို့ ရှာဖတ်ကြည့်လို့ရတယ်နော် ..
Alexandria ကနေ နောက်ဆုံးအနေနဲ့ Cairo မြို့ကို ဆက်ပြီးသွားခဲ့ပါတယ် .. Emma ရောက်ရောက်ချင်းတုန်းက Giza ကို တိုက်ရိုက်သွားလိုက်တာမို့ Cairo မြို့ထဲက သေချာမကြည့်ခဲ့ရလို့ပါ ..
Cairo မှာ လည်စရာအနေနဲ့ကတော့ Egypt ရဲ့ သမိုင်းဝင်ပစ္စည်းတွေ နဲ့ မံမီရုပ်အလောင်းတွေ ပြထားတဲ့ ပြတိုက်ရယ် .. တခြား ဘာသာရေး .. ရှေးဟောင်း အဆောက်အဦးတွေ ၊ စျေးဆိုင်တွေနဲ့ ပန်းခြံတွေ ရှိပါတယ် ..
Emma တည်းခဲ့တဲ့ Hostel လေးကတော့ Paris East ဆိုတဲ့ Hostel လေးပါ .. မြို့လယ်နေရာမှာ ရှိပြီးတော့ လည်စရာတွေ အားလုံးနဲ့ နီးပါတယ် .. စျေးသက်သာတယ် သန့်ရှင်းပြီးတော့ Receptionist Egyptian ချောချောလေးတွေလည်းရှိပါတယ်
တစ်လက်စတည်း Luxor မှာ တည်းခဲ့တုန်းက Budget hotel လေးအကြောင်းလေး တစ်ခါတည်း မိတ်ဆက်ပေးလိုက်ပါတယ် .. သူတို့ ကြော်ငြာခိုင်း တာမဟုတ်ပေမဲ့ အရမ်းကို အဆင်ပြေခဲ့လို့ ပြန် sharing လုပ်ပေးတာပါ .. hotel နာမည်က Fontana ပါ .. location, services နဲ့ price တွေ အကုန် အဆင်ပြေပါတယ် ..
Cairo မှာရောက်တော့ Emma ခရီးလည်းပန်းလို့ အများကြီးတော့ မလည်ဖြစ်လိုက်ပါဘူး .. ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုပြောရရင် .. အဲဒီမှာ အဆောက်အဦး အများစုက ကိုလိုနီခေတ်က အဆောက်အဦးတွေပါ .. ဖြိုဖျက်ပြီး အသစ်ဆောက်တာမျိုးမလုပ်ကြဘဲနဲ့ .. အဟောင်းကိုပဲ ပြုပြင်မွမ်းမံပြီး လူတွေနေကြတာပါ .. အဲဒါမို့ Emma ကတော့ ရှေးခေတ်ဒီဇိုင်းနဲ့ အဆောက်အဦးထဲမှာ နေရတာ အတွေ့အကြုံတမျိုးလေးရပြီးတော့ သဘောကျပါတယ် .. အကြိုက်ဆုံးကတော့ .. အရင်ခေတ်က Manual တံခါးနဲ့ ဓါတ်လှေခါး အဟောင်းတွေပါ .. စီးမယ်ဆိုရင် အဝင်အထွက် တံခါးကို ကိုယ်တိုင် အဖွင့်အပိတ်လုပ်ရပြီးတော့ တချို့ဆို တီးလုံးသံလေးတွေပါမြည်ပါသေးတယ် .. တမင်ကို အဲဒီအသံလေး နားထောင်ချင်လို့ ဘယ်မှမသွားဘဲ အတက်အဆင်းတောင် လုပ်လိုက်သေးတယ် .. အဲဒါကတော့ Emma Egypt မှာ နောက်ဆုံး နေခဲ့တဲ့နေရာပါ ..
ဒီလောက်ဆိုရင်တော့ တော်တော်လေးစုံလောက်ပြီထင်တယ် .. တခြားသိချင်တာတွေ မေးချင်တာတွေရှိရင်လည်း Facebook Page ကနေ လာမေးလို့ရပါတယ် .. Emma ပိုစ့်လေးတွေကိုဖတ်ပေး၊ကြည့်ပေးကြလို့ ကျေးဇူး အများကြီးတင်ပါတယ်