Wonderful Beaches In Goa

တက်ကြွလန်းဆန်းမှုနဲ့ .. ငြိမ်သက်အေးချမ်းမှု

ခံစားချက် ၂ မျိုးလုံး တစ်နေရာထဲမှာ ရရှိနိုင်တဲ့ Goa ကမ်းခြေ ..

Goa ကမ်းခြေလို့ ပြောလိုက်ပေမဲ့ Goa ဆိုတာကတော့ India နိုင်ငံရဲ့ ပြည်နယ် တစ်ခုကို ပြောတာပါ .. ဒါပေမဲ့ အဲဒီပြည်နယ်က လှပတဲ့ ကမ်းခြေတွေ အများကြီး ရှိပြီးတော့ .. နိုင်ငံခြားဧည့်သည်တွေကြားမှာ နာမည်ကြီးတဲ့ Tourism နေရာ တစ်ခုဖြစ်တာကြောင့် Goa ကမ်းခြေလို့ အလွယ်ခေါ်ကြတာပါ ..

Goa မှာ အဓိက အားဖြင့် မြောက်ပိုင်းနဲ့ တောင်ပိုင်းနဲ့ ဆိုပြီး ၂ ပိုင်းရှိလို့ ကိုယ်က ဘယ်နေရာမှာ နေချင်တာလဲ ဆိုတာ အရင်သိဖို့ လိုပါတယ် ..

မြောက်ဖက်မှာတော့ Baga Beach တစ်ဝိုက်က နာမည်ကြီးပြီး ဧည့်သည်အလာများလို့ .. ဟော်တယ်တွေ စားသောက်ဆိုင်တွေ .. ဘားတွေ ၊ ကလပ်တွေနဲ့ အရမ်းစည်ကားပါတယ် ..

ကိုလိုနီခေတ်က ပေါ်တူကီလူမျိုးတွေ နေခဲ့ကြတဲ့နေရာဖြစ်တာကြောင့် .. ပေါ်တူကီ မျိုးနွယ်စပ်တွေ များပြီးတော့ ခရစ်ယန်ကိုးကွယ်ကြပါတယ် .. အဲဒါကြောင့်မို့လည်း India ရဲ့ တခြားနေရာတွေလို ဘာသာရေး အရမ်းတင်းကျပ်တာမျိုးမရှိဘဲ .. alcohol beer လွတ်လွတ်လပ်လပ် ရောင်းဝယ်လို့ရကြပါတယ် .. စျေးကလည်းတခြားနေရာတွေနဲ့ ယှဉ်ရင် တော်တော် သက်သာပါတယ် .. အဲဒါကြောင့် အပျော်အပါးကြိုက်ကြတဲ့ Indian လူငယ်တွေအတွက်လည်း Goa ကတော့ Party City ပါပဲ ..

Emma ကတော့ ကမ်းခြေမှာ အေးအေးဆေးဆေး အကြာကြီးနေချင်တာကြောင့် .. north Goa မှာ ၁ ပတ် နေပြီး south Goa မှာ ၁ ပတ် .. စုစုပေါင်း ၁၄ ရက်လောက် နေခဲ့ပါတယ် .. အစားအသောက်တွေကတော့ အိန္ဒိယလက်ရာ ဆိုတဲ့အတိုင်း ဘာစားစား spices တွေတော့ များပါတယ် .. မစားနိုင်ရင်တော့ pizza နဲ့ burger ကတော့ အသက်ကယ်ဆေးပေါ့နော် 😅

( နေတာသိပ်မကြာရင်တော့ ကိစ္စမရှိပေမဲ့ .. Emma က India မှာပဲ ၃ လ ကြာအောင် နေခဲ့တာဆိုတော့ .. မစားနိုင်ဘဲ တော်တော်လေး ဒုက္ခရောက်လိုက်တယ် )

Emma နေခဲ့တဲ့ အချိန်အတွင်းမှာ ညနေတိုင်း ကမ်းခြေမှာနေဝင်တာ ကြည့်ဖြစ်ပါတယ် .. ကမ်းခြေတွေက အရမ်းကို ရှည်လျားပြီး ကျယ်တာကြောင့် လူရှင်းတဲ့နေရာထိသွားပြီး တစ်ယောက်တည်းထိုင်နေရင် အရမ်းကို တိတ်ဆိတ်ပြီး အေးချမ်းပါတယ် .. မြို့ကြီးတွေမှာ နေခဲ့တုန်းက နေဝင်၊နေထွက် ဘာမှ သတိမရလို့ sunset ကြည့်ဖို့ဆိုတာ ပိုတောင်ခက်ပါသေးတယ် .. အဲဒါကြောင့် မွမ်းကျပ်မှုတွေကနေ ခဏလောက် break ယူချင်ရင် ဒီလိုလေးက အဆင်အပြေဆုံးပါ ..

လူရှင်းပြီးတော့ .. ဆိုင်တွေ ၊ ဟော်တယ်တွေနဲ့ ဝေးတဲ့ နေရာကို သဘောကျတယ်ဆိုရင်တော့ south Goa ဖက်မှာ နေတာက ပိုအဆင်ပြေပါလိမ့်မယ် .. Emma နေခဲ့တဲ့နေရာကတော့ Colva Beach ပါ .. အရမ်းကို ရေတွေကြည်ပြီးတော့ ကမ်းခြေတစ်လျှောက်လည်း ကြည့်လိုက်ရင် .. လူတွေ ဆိုင်တွေ မရှိဘဲ ရှင်းလင်းနေလို့ ပိုပြီးတော့ သဘာဝဆန်ပြီး လှပပါတယ် .. Emma ကတော့ south ကော north ကော vibe နှစ်မျိုးလုံးကို ကြိုက်ပါတယ် ..

ပြီးတော့ နောက်ဆုံး အရမ်း အရေးကြီးတဲ့ အချက်က .. Emma .. south Goa ကို သွားခဲ့တာ duhsagar fall ကြောင့်ပါ ..

အဲဒီရေတံခွန်ကို ရှရွတ်ခမ်းကား Chennai Express မှာ မြင်ပြီး အရမ်းသွားချင်ခဲ့လို့ နာမည်မသိတာတောင် သူများတွေကို အတင်းမေးပြီး Google map မှာ ရှာ သွားခဲ့တာပါ 😅 .. ရေတံခွန် သွားခဲ့တဲ့ အကြောင်းကိုတော့ နောက်ထပ် video လေးမှာ စောင့်ကြည့်ပေးပါ .. အားလုံးကို ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top