Story of Cleopatra (The Queen of the Nile)

အီဂျစ်ကို အလည်သွားမယ်ဆိုတော့ ဘာရယ်မဟုတ် စာအုပ်တွေရှာဖတ် ဇာတ်လမ်းတွေရှာကြည့်ပေါ့ .. history လေး နည်းနည်းသိရအောင် ( history ဆိုပေမဲ့ အမှန်လို့ပြောလို့မရပါဘူးနော် .. လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က ကြားဖူးနားဝ ပုံပြင်တွေပါ)

ကလီယိုပက်ထရာ ဘုရင်မကို အလှဘုရင်မလို့ အကုန်လုံးက သိထားကြတယ် .. ပြီးတော့ အချစ်အတွက်နဲ့ စစ်ခင်းခဲ့ရဲ့ ဂျူးလိယက်ဆီးဇာ ဆိုပြီး ကြားကောင်းအောင် ဇာတ်လမ်းတွေ ပုံဖော်ပြောကြတယ် ..

ဒါပေမဲ့ တစ်ဖက်မှာလည်း သူ့ရဲ့ မကောင်းကြောင်းတွေကို ထုတ်ဖော်ရေးသားထားတဲ့ စာတွေလည်းရှိတယ် .. အခုကတော့ အဲဒီ အကြောင်းအရာလေးတွေကို ပြောသွားမှာပေါ့နော် .. အတင်းတုပ်တာ 😅

အလှဘုရင်မဆိုပြီးတော့ နာမည်ကျော်ကြားပေမဲ့ တကယ်တမ်းကျတော့ သူ့ရဲ့ အပြင်အဆင်နဲ့ ဟိတ်ကြီးဟန်ကြီးလုပ်တတ်တဲ့ ပုံစံကြောင့် ပိုပြီးတော့ နာမည်ကြီးတာပါ .. ဥာဏ်ပညာရှိတယ်ဆိုတာထက် ပါးနပ်တဲ့မိန်းမလည်လို့ ပြောရင် ပိုမှန်မလားပဲ .. ယောက်ျားတွေကို မြှူစွယ်ပြီး သူလိုချင်တာ ရဖို့အတွက် စေခိုင်းတတ်တယ် .. (GOT ထဲက နဂါးမယ်တော်ကြီးလိုပေါ့)

ဂျူးလိယက်ဆီးဇာနဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့အသက်က ၁၉ နှစ် ဆီးဇာကတော့ ၅၀ ကျော်ပြီ .. မိန်းမရှိတယ် သမီးတွေရှိတယ် .. (သားတော့မရှိသေးဘူး .. ) ဆီးဇာက သားယောက်ျားလေး အရမ်းလိုချင်တာကို သိတဲ့ ကလိယိုပက်ထရာက .. သူကိုယ်တိုင် ကော်ဇောလိပ်ထဲခိုးဝင်ပြီးတော့ ဆီးဇာရဲ့ အခန်းထဲရောက်အောင်သွား .. သူ့အတွက်စစ်တိုက်ပေးဖို့ပြော .. သူ့ကိုယူပြီးရင် သားလေးပါ မွေးပေးမယ်ဆိုပြီး အညှာကိုင်တာ 😅 .. (ပြောရဲဆိုရဲရှိတယ်နော် )

ဒါတောင် ဆီးဇာက ချက်ချင်းသဘောမတူသေးဘူး .. သူ့အလှကို မြင်ပြီး အရမ်းချစ်သွားခဲ့တာလည်း မဟုတ်ဘူး .. (ဆုတောင်းလေနော် ရောမက စစ်ဘုရင်တစ်ယောက်က အချစ်အတွက် ရူးမိုက်မလား) ..

ဒါပေမဲ့ ဆီးဇာတွေးတာက အီဂျစ်ပြည်ကို သူတိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ်နိုင်မှာ .. ဒါပေမဲ့ သူတို့အုပ်ချုပ်တာကို ပြည်သူတွေက လက်မခံရင် ပုန်ကန်မှုတွေ ဖြစ်နိုင်တယ် .. ထိန်းသိမ်းရခက်မယ်ပေါ့ .. တကယ်လို့ ကလီယိုပက်ထရာ ကိုသာ မိဖုရားမြှောက်ပြီး အုပ်ချုပ်ခိုင်းရင် .. ကလီယိုပက်ထရာကလည်း သူ့လက်အောက်မှာရှိမယ် .. အီဂျစ်ကိုလည်း အသာလေး ထိန်းချုပ်လို့ရမယ်ဆိုတဲ့ အတွေးနဲ့ .. နောက်ဆုံး လက်ခံလိုက်တယ် ..

ကလီယို ပက်ထရာဟာ .. ဆီးဇာမှမဟုတ်ဘူး .. သူလိုချင်တာ ရဖို့ဆိုရင် တခြား ဘယ်သူနဲ့ပဲဖြစ်ဖြစ် မိန်းမ မာယာတွေ သုံးပြီး အကွက်ကျကျ စီစဉ်လုပ်ဆောင်တတ်တယ် ..

ရန်သူရဲ့လျှို့ဝှက်သတင်းတွေ ဘာတွေရဖို့အတွက်ဆို .. အစေခံတွေက အစ ကုတင်ပေါ်တင်ပြီး ရအောင်စကားနှိုက်တတ်တဲ့ သူမျိုးပေါ့ ..

နောက် သူလိုတာ ရပြီးရင်တော့ ဘယ်သူ့မျက်နှာ ဘာကျေးဇူးကိုမှ မငဲ့ ရှင်းထုတ်ပစ်လိုက်ဖို့ ဝန်မလေးဘူး .. အဲဒါမို့ နန်းတော်ထဲက အကြောင်းသိတဲ့ သူတွေဆိုရင် ကွယ်ရာမှာ သူ့ကို လျှာနှစ်ခွနဲ့ မြွေဟောက်မလို့ခေါ်ကြတယ် ..မျက်နှာများပြီး ရှေ့တမျိုး ကွယ်ရာတမျိုးနေတတ်လို့ ..

အဲဒီလိုနဲ့ သူ့ရဲ့ ပရိယာယ်သုံးကြိုးစားအားထုတ်မှုတွေကြောင့် နောက်ဆုံးမှာ အီဂျစ်ပြည်ရဲ့ ဘုရင်မတစ်ပါး ဖြစ်လာခဲ့တယ် .. တိုင်းပြည်ကို အုပ်ချုပ်တဲ့အချိန်မှာလည်း ပြည်သူတွေရဲ့ အကျိုးထက် သူ့ရဲ့ စည်းစိမ်ကြွယ်ဝချမ်းသာမှုနဲ့ ဂုဏ်ပကာသနတွေကိုပဲ ဦးစားပေးပြီး နေထိုင် သုံးဖြုန်းခဲ့တယ် ..

တခြား တိုင်းပြည်က လူတွေလာရင် .. စားသောက်ပွဲတွေ အကြီးအကျယ်လုပ် .. တန်ဖိုးကြီး အဝတ်အစား အဆောင်အယောင်တွေနဲ့ လူအထင်ကြီးအောင် နေပြရတာ အရမ်းကြိုက်တဲ့ သူဖြစ်တယ် .. အဲဒါကြောင့်လည်း .. သူ့ကိုမြင်ဖူးတဲ့ယောက်ျားတွေက သူ့ရုပ်ရည်သွင်ပြင်ကြောင့်မဟုတ်ဘဲ .. အဆောင်အယောင် တွေ ခမ်းနားမှုတွေကြောင့် အရမ်းကို သဘောကျပြီး .. သူ ထားရာနေ စေရာသွားတွေ ဖြစ်ကုန်တယ် .. (အဲဒါမို့ သူ့ကိုအလှဘုရင်မဆိုပြီးတော့ တခြားတိုင်းပြည်တွေထိပါ နာမည်ကျော်သွားခဲ့တာ .. တကယ်က အချုပ်တော်လို့ပေါ့နော် 😁) ..

သူဘုရင်မ ဖြစ်ပေမဲ့ .. ဂျူးလိယက် ဆီးဇာလို အင်အားတောင့်တင်းတဲ့ စစ်ဘုရင် တစ်ယောက်ကို လက်မလွှတ်ချင်ဘူး .. ပြောရရင် ဆီးဇာအရှိန်နဲ့ အုပ်ချုပ်နေတာ .. သူမရှိရင် တခြားလူတွေက ထီးနန်းပြန်သိမ်းမှာ စိုးတယ် ..

အဲဒါနဲ့ စစ်ကြီးပြီးသည့်တိုင်အောင် .. ဆီးဇာကို သူ့မိန်းမတွေ ကလေးတွေ ရှိတဲ့ ရောမကို ပြန်မလွှတ်ဘဲ အကြောင်းပြချက် အမျိုးမျိုးနဲ့ ချုပ်ပြီး အချိန်ဆွဲထားတယ် .. ၂ နှစ်ကျော် ကြာသွားတဲ့အချိန်မှာ ဆီးဇာ ရောမကို ပြန်တယ် (အဲဒါတောင် ပြန်မလွှတ်ချင်ဘူး) .. သွားပြီးရင် ချက်ချင်း ပြန်လာခဲ့ဖို့မှာတယ် .. ဟိုမှာက မယာကြီးရှိတော့ စိတ်မချဘူးလေ 😂 ..

ဒါပေမဲ့ သူ့မှာ ကိုယ်ဝန်ရှိခဲ့တော့ သားမွေးဖို့ကိုပဲ ကြိုးစားပြီးဆုတောင်းတယ် .. ကံကောင်းတာက သူလိုချင်တဲ့အတိုင်း သားယောက်ျားလေးမွေးတော့ ဆီးဇာကို ပြောတယ် .. ဆီးဇာရဲ့ အမွေကို ဆက်ခံမဲ့ ကလေးပေါ်လာပြီဆိုပြီးတော့ ( မခန့်တာနော် အီဂျစ်နဲ့ အားမရဘူး ရောမက အမွေပါ လိုချင်သေးတာ 😂) ..

ဒါပေမဲ့ ဆီးဇာ ရောမကို ပြန်ပြီး နှစ်အနည်းငယ်ကြာတော့ .. ကလီယိုပက်ထရာ မနေနိုင်တော့ဘူး .. တိုင်းပြည်က လည်း မိန်းမတစ်ယောက် အုပ်ချုပ်တာဆိုတော့ မခန့်လေးစားကြဘူးပေါ့ .. အဲဒါနဲ့ သူ့ရဲ့ ဂုဏ်အရှိန်အဝါကို ပြန်ပြီးမြင့်တက်အောင် လုပ်ချင်တော့ .. ရောမကို ကလေးခေါ်ပြီးတောကိုယ်တိုင်လိုက်သွားတယ် .. လိုက်သွားတာလည်း ရိုးရိုးမလိုက်ဘူးနော် .. တစ်တိုင်းပြည်လုံးမှာရှိတဲ့ ရွှေငွေတွေ ကျောက်မျက်ရတနာတွေ .. အဖိုးတန် ပစ္စည်းတွေ အားလုံးနဲ့ သူ့အသုံးအဆောင်တွေကို သင်္ဘော ၇ စီးတိုက် သယ်သွားတာ ..

အစေခံတွေလည်း ထိုနည်းလည်းကောင်း ရှိတာတွေ အကုန်ခေါ် .. သူများတိုင်းပြည်သွားရင် သူမျက်နှာမငယ်ချင်တော့.. အတင်းတွေ ဟိတ်ဟန်ထုတ်သွားတဲ့သဘော .. ဒါပေမဲ့ အဲဒီအချိန်မှာ တိုင်းပြည်က မွဲနေပြီ .. ပြည်သူတွေမှာ စားစရာမရှိဘူး .. သူကကျတော့ .. တမင်ကို လူရှေ့မှာ ကြွားချင်ယုံသက်သက်နဲ့ .. အရမ်းကို အဖိုးထိုက်တန်တဲ့ ဧရာမ ပုလဲလုံးကြီးကို ရှာလကာရည်နဲ့ ဖျော်ပြီး အရက်နဲ့ရောသောက်ပြလိုက်တယ် ..

အဲဒီလိုနဲ့ ရောမကိုရောက်တဲ့အခါ .. ဆီးဇာရဲ့ လက်ထောက် တပ်မှူးဖြစ်တဲ့ မတ်အန်တိုနီ နဲ့လည်း မရှင်းမရှင်း ဇာတ်လမ်းတွေ ဖြစ်ခဲ့သေးတယ် .. (ဆီးဇာက အိုပြီလေ .. back up ထားတဲ့သဘော .. )

သူထင်တဲ့ အတိုင်းပါပဲ .. ရောမက ပြန်ရောက်ပြီး သိပ်မကြာဘူး ဆီးဇာတစ်ယောက် လုပ်ကြံခံရပြီး ရှောသွားပြီဆိုတဲ့ သတင်းလည်းကြားကော .. အန်တိုနီကို အပိုင်ကြံလိုက်တယ် .. အဲဒီအချိန်မှာ ဆီးဇာမရှိတော့ အန်တိုနီက power အရှိဆုံးပဲ မလား ..

အန်တိုနီကတော့ ကလီယို ပက်ထရာကို တကယ်ကြိုက်လို့ပဲလား .. သူ့ဆရာ ဆီးဇာကျေးဇူးကြောင့်ပဲလားတော့မသိ .. သေတဲ့အထိ ကလိယိုပက်ထရာကို ကာကွယ်ပြီး စစ်တိုက်ပေးသွားရှာတယ် ..

ဘုရင်မရဲ့ မောက်မာမှုတွေနဲ့ တိုင်းပြည်ကို ဆင်းရဲမွဲတေအောင် လုပ်မှုတွေကြောင့် အီဂျစ်ပြည်သူတွေရဲ့ တော်လှန်ရေး အင်အားကြီးမားလာသလို .. အရင်ကသူထီးနန်းလုယူဖူးခဲ့တဲ့ မောင်ကလည်း မဟာမိတ်တွေကို အကူအညီတောင်းပြီး စစ်ပြန်လာတိုက်တာကြောင့် .. ကလီယိုပက်ထရာလည်း အရူးမီးဝိုင်းဖြစ်ရတယ် .. သူ့ရဲ့လောဘတွေကြောင့်ပဲ ဆီးဇာနဲ့ရခဲ့တဲ့ သူ့သားလေးလည်း စစ်ပွဲအတွင်း သေခဲ့ရတယ် ..

ကလီယို ပက်ထရာရဲ့ နောက်ဆုံးနေ့ရက်တွေက မလှပခဲ့ဘူး .. သူ့ကို တစ်နိုင်ငံလုံးက ဖမ်းဆီးသုတ်သင်ချင်နေတဲ့ အချိန် .. မြို့ပြင်က ဂူတစ်ခုထဲမှာ ပုန်းအောင်းပြီး အစေခံတစ်ယောက်နဲ့ပဲ နေခဲ့ရတယ် .. ဒါပေမဲ့ နောက်ဆုံးအချိန်ထိ သူ့မာနတွေ မျှော်လင့်ချက်တွေက မလျော့သေးဘူး .. အချိန်တန်ရင် စစ်ပွဲကို သူအနိုင်တိုက်နိုင်မယ်ပဲထင်ခဲ့တာ ..

နောက်ဆုံး သူ့ချစ်သူ အန်တိုနီလည်း ဒဏ်ရာရပြီး စစ်မတိုက်နိုင်တော့တဲ့အချိန် .. ရန်သူတွေဖမ်းတာကိုလည်း မခံနိုင်တာနဲ့ သူကိုယ်တိုင် အန်တိုနီကို အဆိပ်ခတ် သူကိုယ်တိုင်လည်း မြွေဆိပ်အမိခံပြီး သတ်သေသွားခဲ့တယ် ..

အဲဒီအချိန်ကတည်းက လူမသိ သူမသိ ဆုံးပါးသွားခဲ့တာ အခုချိန်ထိ သူ့ရဲ့ ရုပ်အလောငိးကို ရှာမတွေ့သေးပါဘူး ..

( ဒီအကြောင်းအရာတွေက Emma ဖတ်ဖူးတဲ့ ဇာတ်လမ်းထဲက အကြောင်းတွေဖြစ်လို့ ရာနှုန်းပြည့်တော့ မမှန်နိုင်ပါဘူး .. ဒီအကြောင်းအရာတွေ အားလုံးက အထောက်အထား အနည်းငယ်အပေါ်မှာ မူတည်ပြီး ကိုယ်စိတ်ထင်ရာ တွေး ပြောခဲ့ကြတဲ့ ပါးစပ် ပုံပြင်တွေပါ .. တကယ့် မူရင်း အဖြစ်အပျက်တွေကိုတော့ ကာယကံရှင်တွေက လွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး .. )

😊

Leave a Reply

Your email address will not be published. Required fields are marked *

Back to top