Visa type တွေ အများကြီးရှိတဲ့ထဲက ကိုယ်တွေလျှောက်လို့ လွယ်မဲ့ Employment visa အကြောင်းကိုပဲ ပြောပြပေးသွားမှာပါ ..
လုပ်ငန်းလိုင်စင်လျှောက်ပြီး လည်း နေထိုင်ခွင့်လုပ်လို့ရပေမဲ့ စာရွက်စာတမ်းကိစ္စ ပိုရှုပ်ထွေးတာကြောင့် မပြောတော့ပါဘူး ..
Freelance visa လို့ ခေါ်တဲ့ Employment visa က .. visa ရောင်းတဲ့ company တွေ ဆီက ဝယ်ရတာပါ .. လွယ်လွယ်ပြောရရင် .. ကိုယ့်ကို သူတို့ရဲ့ ဝန်ထမ်းအနေနဲ့ visa လျှောက်ပေးတဲ့သဘောပါ .. အခုကာလ ငွေစျေးနဲ့ဆိုရင် .. 1 aed ကို 1000 mmk လို့ အလွယ်မှတ်လို့ရပါတယ် .. visa ကြေးက အပြီးအစီးကို around 8000 aed (9000 – 9500) လည်းရှိတတ်ပါတယ် .. ကိုယ် ဝယ်တဲ့ company ပေါ် မူတည်လို့ပါ .. (မြန်မာငွေ သိန်း ၈၀ နဲ့ ၁၀၀ ကြားပါ)
စာရွက် စာတမ်းအနေနဲ့ဆိုရင် .. ဘွဲ့လက်မှတ် or other educational documents.. လိုအပ်ပါတယ် .. အဲဒါကလည်း သူတို့ လျှောက်ပေးမဲ့ position နဲ့ ဆိုင်လို့ပါ .. position မကြည့်ဘူးဆိုရင်တော့ .. sales တို့ cashier တို့လို ဆိုရင် ဘွဲ့တွေ ဘာတွေမလိုပါဘူး ..
ဒါပေမဲ့ အဲဒါ ဘယ်မှာလိုအပ်လဲဆိုရင် နိုင်ငံတွင်းပဲ နေရင် ကိစ္စမရှိပေမဲ့ .. တခြားနိုင်ငံတွေ အလည် visa လျှောက်ချင်ရင် ခက်ပါတယ် .. ပြောချင်တာက .. ဝင်ငွေနည်းတဲ့ အလုပ်အကိုင်နဲ့ဆို တခြားနိုင်ငံတွေ အလည် အပတ် ဗီဇာရဖို့ မလွယ်ပါဘူး ..
Emma လုပ်တုန်းက Web developer ရာထူးနဲ့ပဲ လုပ်တာ ဖြစ်လို့ .. Egypt / Turkey or other EU countries တွေ လျှောက်ဖို့ အဆင်ပြေသွားတာပါ ..
နေစား စာရိတ်က အရမ်းကြီးမသုံးဘူးဆို aed 2000-3000 မြန်မာငွေ သိန်း ၂၀ နဲ့ ၃၀ ကြား ရှိပါတယ် .. ပုံမှန်ပေါ့နော် .. အရမ်းချွေတာပြီး နေရင်တော့ ၁၀ သန်း ဝန်းကျင်လောက်နဲ့ ရပေမဲ့ .. နေရတဲ့ နေရာတွေ အစားအသောက်တွေ အဆင်ပြေမှာ မဟုတ်ပါဘူး ..
အဲဒီ visa နဲ့ အလုပ်လုပ်လို့ရလားဆိုရင်တော့ .. 50-50 ပါ .. ပြောချင်တာက နေထိုင်ခွင့် တရားဝင်ရှိတယ် .. Employment visa လည်း ဖြစ်လို့ လုပ်မယ်ဆိုရင် ရပေမဲ့ .. ကိုယ့်ကို sponsor ပေးထားတဲ့ company မဟုတ်ဘဲ တခြား company မှာလုပ်ရင် ပြသနာတော့ နည်းနည်းရှိတယ် .. ဒါပေမဲ့ အခုထိတော့ အရမ်းကြီး စည်းကမ်းတင်းကျပ်ထားတာ မရှိလို့ လုပ်နေကြတဲ့သူတွေအများကြီးပါပဲ ..
တချို့တွေ part time လုပ်ကြတယ် .. စီးပွါးရေး အမြင်ရှိတဲ့သူတွေအတွက်ကတော့ လည်ရင် လည်သလို လုပ်ကွက်တွေရလို့ အဆင်ပြေနိုင်တယ် ..
လူမျိုးစုံရှိတယ် .. India , Pakistan, Nepal, Philippines and other Arabic countries တွေနဲ့ African တွေ Russia တွေ
မွတ်စလင်နိုင်ငံဖြစ်ပေမဲ့ တခြား ဘာသာဝင်တွေလည်း အများကြီးရှိလို့ သူများတွေပြောသလို အရမ်းကြီး ဘာသာရေး တင်းကျပ်တဲ့ထဲမပါပါဘူး .. တခြား Emirate တွေမှာတော့ ရှိနိုင်ပေမဲ့ .. Dubai ကတော့ flexible အဖြစ်ဆုံးပါ .. bar တွေ club တွေနဲ့ တခြား entertainment မျိုးစုံလည်းရှိသေးတယ် ..
ဒီ ပို့စ်လေးကတော့ visa အကြောင်း အဓိက ပြောပြထားတာ ဖြစ်လို့ တခြားအကြောင်းအရာတွေ သိချင်ရင် Emma အရင်က တင်ဖူးတဲ့ Dubai အကြောင်း ရေးထားတဲ့ ပို့စ်လေးမှာ ဖတ်ကြည့်ပါနော်
Visa ကို ဘယ်လို ဝယ်ရမလဲ ဆိုတော့ .. စိတ်ချရတဲ့ အသိရှိတဲ့ agent ကိုရှာပါ .. online မှာ ရောင်းတာတွေက အလိမ်တွေများတယ် .. contact လိုချင်ရင် အရင် Emma ဝယ်တဲ့ နေရာကို ပြောပြပေးမယ် .. (commissions တစ်ပြားမှ မရပါဘူးနော် .. ဒီလိုအချိန် စီးပွါးမရှာဘူး) ..
အသေးစိတ် သိချင်တာ ရှိရင် messenge ပို့ပြီး မေးလို့ရပါတယ် .. သူများတွေ ပြောသလို အလည် visa နဲ့ သွားပြီး extend လုပ်ဖို့ တော့ အကြံမပေးပါ .. ကိုယ့်ရှေ့တင် ဒုက္ခရောက်တဲ့ သူတွေ အများကြီး တွေ့ဖူးလို့ ..