ဒါလေးကတော့ အလုပ်လုပ်မဲ့သူတွေ ကျောင်းတက်မဲ့သူတွေ အတွက်တော့မဟုတ်ပါဘူး .. အလည် visa နဲ့ပဲ ၃ လလောက် ခဏသွားနေချင်ရင် အဆင်ပြေလို့ပါ .. visa ကြေး free ပါ .. သံရုံးသွားစရာမလို .. online ကနေပဲ လျှောက်လို့ရပါတယ် .. မြန်လည်းမြန်တယ် ရုံးဖွင့်ရက်လျှောက်ရင် ဒီနေ့လျှောက် မနက်ဖြန်ရ ..
Application Form မှာ ဖြည့်ရတာတွေကတော့ အများကြီးပါ ..
ကိုယ့်ရဲ့ personal details ရယ်
india မှာ အသိမိတ်ဆွေ ရှိရင် သူ့အကြောင်းပါ လိပ်စာတို့ ဖုန်းနံပါတ်တို့ ထည့်ပေးရတယ် ..
အသိမရှိရင်လည်း google မှာ တွေ့တဲ့ address တစ်ခုခု ထည့်ပေးလိုက်ရပါတယ် .. သူတို့မစစ်ဘူး ..
နောက်တော့ travel history တွေ ထည့်ရေးပေးရတယ် .. မရှိရင် မရေးလည်း ဘာမှမဖြစ်ဘူး ..
India မှာ လည်ပတ်မဲ့ နေရာ မြို့တွေ အများကြီးရှိပါတယ် google ခေါက်ပြီး နာမည်ကြီးနေရာတွေ ၄၊၅ ခုလောက် ချရေးလိုက်ပါ ..
အဲဒါဆို အပြန် လေယဉ်လက်မှတ်ပြရင် ရပြီ .. hotel booking တောင် မလိုပါဘူး ..
(ဒါက visa လျှောက်တဲ့ပုံစံ)
India က အကျယ်ကြီးဆိုတော့ ဘယ်ကိုသွားမလဲ အရင်ဆုံးရွေးရမယ် .. တစ်နေရာနဲ့ တစ်နေရာ အရမ်းဝေးရင် ကားနဲ့ကူးဖို့မလွယ်ဘူး .. လေယဉ် တစ်ဆင့်ထပ်စီးရမယ် .. မြန်မာကနေ တိုက်ရိုက် ဆို စျေးပိုကြီးတယ် .. BKK transit က ပိုအဆင်ပြေမယ် .. အနီးစပ်ဆုံး မြို့ဆိုရင် Kolkata ရှိမယ် Chennai ရှိမယ် .. တောင်ဖက်က မြို့တွေဆိုရင် Thiruvanan .. Kochi .. ကမ်းခြေတွေထဲမှာ နာမည်ကြီးတာဆိုရင် Goa .. ဟိုးဖက်ဆက်သွားရင် Mumbai တို့ ဘာတို့ရှိဦးမယ် ..
မြောက်ပိုင်းသွားချင်ရင် .. Delhi , Agra, Jaipur, Lucknow ရွေးစရာတွေ အများကြီးရှိတယ် .. ဒါတောင် မြန်မာတွေ နဲ့ ရင်းနီးတဲ့နေရာတွေပဲပြောထားတာ .. ကျန်တာတွေ လည်းသွားချင်ရင် သွားလို့ရတယ် ..
တစ်နေရာထဲမှာပဲ အေးဆေးနေပြီး အပမ်းဖြေချင်တယ် .. ဘာသာရေးလည်း အရမ်း serious ဖြစ်တဲ့နေရာကို မကြိုက်ဘူးဆိုရင်တော့ Goa ကိုပဲသွားပါလို့ အကြံပေးချင်တယ် .. နေစားစာရိတ်လည်း သက်သာပါတယ် .. မြန်မာမှာ ပေးရတဲ့ ကုန်ကျစရိတ်နဲ့ သိပ်မကွာဘူး ..
India Visa က 3 months, 1 year, 5 years ထိလျှောက်လို့ရတယ် .. ဒါပေမဲ့ တစ်ခါနေရင် ရက် 90 (၃ လ ပေါ့) အဲဒါပြီးရင်တော့ ထွက်ပြီးမှ ပြန်ဝင်ရတယ် .. Multiple Entries ပေါ့ .. အထွက်ပြမယ်ဆိုရင် အနီးဆုံး တောင်ဖက်မှာဆိုရင် သီရိလင်္ကာ .. Bangladesh.. မြောက်ဖက်ဆို နီပေါ .. ဘူတန် ရှိမယ် .. မဟုတ်လည်း လေယဉ်လက်မှတ်က ကြိုဝယ်ထားရင် .. စင်္ကာပူတို့ ထိုင်းတို့ ဗီယက်နမ်တို့သွားလည်း စျေးသက်သာတယ် ..
လျှောက်ရမဲ့လင့် https://indianvisaonline.gov.in/evisa/Registration
တခြားသိချင်တာ ရှိရင် Facebook Page ကနေ မေးလို့ရပါတယ် ..