The Manila Cathedral

မနှစ်က ဒီလို Christmas အချိန် Emma .. Manila ကို ရောက်နေတာပါ ..

Philippines နိုင်ငံက စပိန်တွေ ရဲ့လက်အောက်ခံနိုင်ငံအဖြစ် အချိန်အကြာကြီး ကျရောက်ခဲ့တာကြောင့် ဥရောပ ယဉ်ကျေးမှုထွန်းကားပါတယ် ..

နိုင်ငံအနှံ့မှာ စပိန်လက်ထက်က ကျန်ရှိတဲ့ ရှေးဟောင်း Church ကျောင်းတွေ ရှိပြီးတော့ .. တစ်နိုင်ငံလုံးတော်တော်များများ ခရစ်ယန်ဘာသာကို ကိုးကွယ်ကြပါတယ် ..

အဲဒါကြောင့် ဒီလို ခရစ်မတ်ပွဲတော်ကာလဟာ Philippines မှာတော့ အစည်ကားဆုံးအချိန်ကာလပါပဲ ..

Emma ရောက်တဲ့အချိန်မှာ တချို့ Church တွေမှာတော့ ဘာသာရေးပွဲတော်တွေ ၊ မင်္ဂလာဆောင်တွေ ကျင်းပနေပါတယ် ..

မနီလာမြို့ရဲ့ မြို့လည် Central Park နားမှာ တည်ရှိတဲ့ The Manila Cathedral ကတော့ .. မယ်တော်အတွက် ဝင်ရောက်ပူဇော်လို့ရပြီးတော့ တခြားလူတွေကိုလည်း လေ့လာခွင့်ပေးထားပါတယ် ..

Foreigners တွေ အတွက်လည်း ဝင်ကြေးကောက်ခံတာမျိုးမရှိဘဲနဲ့ .. အလှူငွေထည့်ဝင်ချင်ရင်တော့ .. ပန်း၊ဖယောင်းတိုင်မျိုး ဝယ်လှူလို့ရပြီး .. တခြား souvenir ရောင်းတဲ့ဆိုင်လေးတွေမှာလည်း ပစ္စည်းဝယ်လို့ရပါတယ် ..

မနီလာမြို့ကို ရောက်ခဲ့ရင်တော့ တကူးတက ရှာစရာမလိုပဲ .. မြို့လည်ခေါင်တည့်တည့်မှာ ရှိလို့ သွားရလွယ်ကူပါတယ် ..

တလက်စတည်း google map address လေးကိုတော့ Emma .. comment လေးမှာ ချပေးထားပါမယ်

ဒီပို့စ်လေးကို ဖတ်ခြင်းအားဖြင့် တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ် .. အားလုံးကျေးဇူးပါ

Leave a Reply

Back to top