move on မလုပ်နိုင်ကြဘူးဆိုတာ

တချို့လူတွေ အချိန်အတော်ကြာအောင် move on မလုပ်နိုင်ကြဘူးဆိုတာ .. ပြောချင်တဲ့စကားတွေ အကုန်မပြောရသေးလို့ဖြစ်မယ် .. ကိုယ့်ရဲ့ခံစားချက် အစစ်အမှန်ကို ထုတ်မပြောခဲ့ရလို့ .. ကိုယ်သိချင်တဲ့ မေးခွန်းတွေကို မမေးရသေးလို့ .. နားမလည်တဲ့ ပုစ္ဆာတွေအတွက် အတွက် အဖြေကိုရှာမတွေ့သေးလို့လည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် ထားခဲ့ဖူးတဲ့ကတိတစ်ခု မတည်ရသေးလို့လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်.. ကိုယ်တတ်နိုင်သလောက် အစွမ်းကုန် မကြိုးစား၊အားမထုတ်ရသေးတာကို မချင့်မရဲဖြစ်ပြီး နောင်တရ စိတ်ပျက်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ .. အဲဒါတွေအကုန်လုံး လုပ်ခဲ့ပြီးပြီ၊သိခဲ့ပြီးပြီ၊ကြိုးစားခဲ့ပြီးပြီဆိုရင်တော့ .. လူတစ်ယောက်ကို လက်လွှတ်နိုင်ဖို့ရာ ပိုပြီးလွယ်ကူသွားလိမ့်မယ်ထင်တယ် …..

မွေးဖွားခြင်းနဲ့ .. သေဆုံးခြင်းကြားမှာ .. ဘယ်အရာတွေက ပိုမက်မောစရာ ရှိဦးမှာလဲ

လူ့ဘဝမှာ သက်တမ်းစေ့နေရမယ်ဆိုရင်တောင် .. အလွန်ဆုံး ၇၇ နှစ်လောက်ပေါ့ .. အဲလိုဆို လူ့သက်တမ်း တစ်ဝက်က ၃၈ နှစ်လို့ အကြမ်းဖြင်းပြောလို့ရတယ် .. ၅၅၊၆၀ နောက်ပိုင်းဆိုရင် ကျန်းမာရေး အရ လုပ်ချင်တာတွေ လုပ်လို့အဆင်မပြေတော့ဘူး .. အဲဒါကြောင့်မို့ .. အခွင့်အရေးရတုန်း .. ကျန်းမာတုန်းအချိန်မှာ .. bucket list လေးတွေ လုပ်နိုင်သမျှ လုပ်သွားကြပါ .. ခရီးသွားတာ တစ်ခုတည်းမဟုတ်ဘူးနော် .. တွေ့ချင်နေတဲ့သူတွေကို သွားတွေ့ပါ .. ပြောချင်နေတဲ့…

“ဟိမဝန္တာ”

တချို့က “ကတ်ရှမီးယား”သွားတယ် .. သူတို့ဖာသာ သူတို့ “ဟိမဝန္တာ”ပေါ် ရောက်နေမှန်းမသိကြဘူး .. “ဟိမဝန္တာ”ဆိုရင် ဧဝရတ်တောင် ရှိတဲ့ နီပေါလောက်ပဲသိထားကြတာ .. တကယ်တော့ “ဟိမဝန္တာတောင်တန်းကြီး”က ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်တန်းအဖွဲ့အစည်းဖြစ်ပြီးတော့ .. အရှည်အားဖြင့် ကီလိုမီတာ ၂၄၀၀ ခန့် ရှည်လျားလွန်းတာကြောင့် နီပေါ တစ်နိုင်ငံတည်းတင်မကပဲ .. အိန္ဒိယ၊ပါကစ္စတန်၊ဘူတန်နဲ့တရုတ်(တိဘက်) စုစုပေါင်း နိုင်ငံ ၅ ခုမှာ ဆက်လျက်တည်ရှိနေတာပါ .. အဲဒါကြောင့်မို့ အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့ Kashmir, Ladakh နဲ့ Manali ,…

ရေခဲတောင်ကြည့်ချင်ရင် ဘယ်ကိုသွားရမလဲ

India နဲ့ Nepal ရေခဲတောင်ကြည့်ချင်ရင် ဘယ်ကိုသွားရမလဲ လာမေးကြလို့ .. အောက်ကအချက်လေးတွေ ကြည့်ပြီး ကိုယ်နဲ့အဆင်ပြေတာကိုယ်ရွေးချယ်ပါ .. * အဝေးကနေပဲကြည့်မှာလား .. တောင်ပေါ်ထိ ရောက်ချင်တာလား .. *တောင်ပေါ်ထိဆိုရင် trekking သွားနိုင်လား ဒါမှမဟုတ် helicopter နဲ့သွားမှာလား .. * ဘယ် season မှာသွားမှာလဲ * အပင်ပမ်းခံနိုင်လား .. အေးအေးဆေးဆေး သက်တောင့်သက်သာ သွားချင်လား .. အမ်မာ India နဲ့ Nepal ကို…

တချို့လွဲချော်မှုတွေက ကံကောင်းဖို့ဖြစ်လာတာ ..

တချို့လွဲချော်မှုတွေက ကံကောင်းဖို့ဖြစ်လာတာ .. လွန်ခဲ့တဲ့နှစ်တွေတုန်းက ကိုယ်အရမ်းလိုချင်မက်မောခဲ့တဲ့အရာတွေနဲ့ လွဲချော်ခဲ့ပေမဲ့ .. အခုချိန်ပြန်စဉ်းစားကြည့်တော့ .. မရခဲ့တာတော်သေးတယ် လို့တွေးမိပြန်ကော .. “Things that meant for you will never miss you” ဆိုတဲ့ စာသားလေး အခုမှ အရမ်းသဘောကျနေတယ် .. ကိုယ့်အတွက်မှန်ကန်တဲ့ အရာတွေမှန်သမျှက ကိုယ်နဲ့မလွဲချော်ဘူး .. လွဲချော်ခဲ့ရင်တော့ ကိုယ့်အတွက်မဟုတ်လို့လို့ တွေးပြီး လက်လွှတ်တတ်အောင် သင်ယူပါ .. လက်မလွှတ်ဘဲ အတင်းဖမ်းဆုပ်ထားမယ်ဆိုရင်လည်း ကြာကြာမခံပါဘူး …..

ခရီးတွေသွားတာ အပမ်းဖြေဖို့သက်သက်လား

ခရီးသွားသူတိုင်းဟာ အပမ်းဖြေဖို့သွားတာမဟုတ်ဘူး .. အပမ်းဖြေဖို့ သွားတဲ့သူတွေလည်းရှိပါတယ် .. ဒါပေမဲ့ တချို့က .. စူးစမ်းလေ့လာချင်လို့ သွားတယ် .. တချို့က စွန့်စားချင်လို့သွားတယ် .. မလုပ်ဖူးသေးတဲ့အရာတွေလုပ်ကြည့်ချင်လို့ .. မရောက်ဖူးသေးတဲ့ နေရာတွေကို မြင်တွေ့ချင်လို့ ..အတွေ့အကြုံအသစ်အစမ်းတွေကို ရှာဖွေချင်လို့လည်း သွားကြပါတယ် .. တချို့ဆို တောထဲသွား ရှာပါးအပင်လေးတွေ ပန်းလေးတွေကြည့်ရတာဝါသနာပါတယ် .. တချို့ဆို အကောင်လေးတွေ ကြည့်ချင်လို့သွားတယ် .. တချို့က လူအသစ်တွေ မိတ်ဆွေအသစ်တွေနဲ့တွေ့ရ ခင်ရတာ သဘောကျလို့သွားကြတယ် .. တချို့ကျတော့…

စိတ်စွမ်းအင်ဆိုတာ တကယ်ရှိတယ် ..

အဲဒါကြောင့်ပဲ meditation လုပ်ပြီး တရားထူးတရားမြတ်ရ သွားတဲ့သူတွေလည်းရှိတာပေါ့ .. အခုပြောနေတာ “ဘာသာရေးခေါင်းစဉ်”တစ်ခုအောက်ကမဟုတ်ဘူးနော် .. အကောင်းမြင်စိတ်ထားတဲ့သူဆီကို ကောင်းတဲ့အရာတွေလာတယ် ၊ မကောင်းမြင်စိတ်များတဲ့သူဆီကို မကောင်းတဲ့အရာတွေလာတယ်ဆိုတာ “တိုက်ဆိုင်မှု”သက်သက်မဟုတ်ဘူး .. စိတ်စွမ်းအင် (တနည်းအားဖြင့်) လူတွေရဲ့ဦးဏှောက် မှတ်ဥာဏ်ဖွဲ့စည်းပုံက အံ့ဩစရာကောင်းတာကိုပြောပြတာပါ .. အဲဒါကြောင့်လည်း ရောဂါတစ်ခုခုဖြစ်ရင်တောင် အဲဒီလူနာရဲ့ “စိတ်ကျန်းမာရေး” ဘယ်လောက်ထိ strong ဖြစ်လဲဆိုတာ အရေးကြီးကြောင်း ဆရာဝန်တွေ အမြဲတမ်းပြောလေ့ရှိတယ် .. ခုနောက်ပိုင်း westerners တွေကြားမှာ ပိုရေပန်းစားလာတဲ့ အကြောင်းအရာက တရားထိုင် တာပါပဲ…

Stone stacking

Stone stacking

ဒီလို ကျောက်တုံးလေးတွေ အဆင့်ဆင့် ထပ်စီထားတာကို Stone stacking (cairns) လိုခေါ်ပါတယ် .. တချို့ကလည်း stones castle ပေါ့ .. အဲဒီလို ကျောက်တုံးလေးတွေ ပြိုမကျသွားအောင် စီ ရီ ထားပုံက .. လူ့ဘဝရဲ့ အရေးကြီးတဲ့ “ဟန်ချက်ညီမျှမှု ၊ သဟစာတဖြစ်မှု” ကို ကိုယ်စားပြုပြီးတော့ .. စိတ်ငြိမ်အောင်လေ့ကျင့်တဲ့ အနေနဲ့လည်း လုပ်ကြတယ် .. နောက်တစ်ချက်အနေနဲ့လည်း သဘာဝတရား နဲ့ပိုပြီးနီးစပ်စေဖို့အတွက် ရည်ရွယ်ကြပါတယ် .. ဟိမဝန္တာဒေသမှာရှိတဲ့ တိဘက်၊ဘူတန်၊နီပေါ…

စျေးအမှန်အတိုင်းပြောကြလားဟင် ..

ကိုယ်ကတော့ သက်သာစေချင်လို့ အမှန်အတိုင်း သက်သာတဲ့ စျေးပြောလိုက်တာပဲ .. ဒါပေမဲ့ သူကတစ်ဖက်မှာ စျေးကြီးမိသွားလို့ မပျော်နိုင်ဘူးဖြစ်သွားတော့ ကိုယ်ပါစိတ်ထဲမကောင်းဘူး .. မပြောလိုက်မိရင်ကောင်းသားလို့ တွေးနေတာ .. အခု hostel မှာတွေ့တဲ့ Brazil ကကောင်မလေးပေါ့ .. မနက်ဖြန် ရေတံခွန်သွားမှာတဲ့ ပြောလို့ .. ငါကသွားပြီးသွားပြီ မနေ့ကပဲဆိုတော့ .. “ဘယ်လိုသွားတာလဲ ဘယ်လောက်ကုန်လဲတဲ့ “? Bus နဲ့သွားတာ အသွားအပြန် ဝင်ကြေးနဲ့မှ 200k .. (less than 10$)…

ဝါသနာပါတာလုပ်ရမလား ?ပိုက်ဆံရတာလုပ်ရမလား ?

အမ်မာနဲ့ သိတဲ့ လူငယ်လေးတွေတော်တော်များများ မေးတဲ့မေးခွန်းလေး .. ဒီနေ့ခေတ်မှာတော့ အကြောင်းကြောင်းကြောင့် ဝါသနာပါရာ အလုပ်ကို လုပ်နိုင်ကြတဲ့ သူတော်တော်နည်းသွားပါပြီ .. လူတချို့လောက်ပဲ ရပ်တည်နိုင်ကြတာ .. အမ်မာ ပြန်ပြောဖြစ်တာကတော့ အဓိကက ကိုယ့်ရဲ့မိသားစု အခြေအနေကို ကြည့်ဖို့ပါပဲ .. အိမ်က အရမ်း မချမ်းသာရင်တောင် စားနိုင် သောက်နိုင် .. ကိုယ်မထောက်ပံ့လည်း ရပ်တည်နိုင်တဲ့ အနေအထားဆိုရင်တော့ ဝါသနာပါရာကိုပဲလုပ်ပါ .. (ကိုယ့်ကိုတော့ ပြန်မထောက်ပံ့ခိုင်းနဲ့ တစ်ယောက်ထဲက ငတ်ငတ် ပြတ်ပြတ် ပြသနာမရှိဘူး …..

Back to top