Singapore – Bali – Philippines (သုံးနိုင်ငံ သွားလည်မယ်)

အခုတလော .. video တွေထက် .. travel guide တွေပဲ ပိုတင်ဖြစ်နေတယ် .. သွားချင်တဲ့သူတွေ အဆင်ပြေအောင်ပါ … လည်စရာ နေရာတွေအကြောင်း details မပြောတော့ဘူး ..

ဒီတစ်ခါ ထိုင်း တို့ လာအိုတို့ဖက်တွေ လည်ရတာ ရိုးသွားပြီဆိုရင် .. travel history အတွက် တခြား သွားလို့ရမဲ့ နေရာလေးတွေပြောပြမယ် ..

Emma သွားခဲ့တာ 2022 တုန်းကပါ Singapore- Bali(Indonesia)- Philippines ၃ နိုင်ငံ ဆက်တိုက်သွားတာ ဘာလို့လည်းဆိုရင် လေယဉ်လက်မှတ်ခက အပြန်အတွက်မကုန်လို့ တစ်ကြောင်းစာ စာရိတ်သက်သာတယ် ၊ နောက်ပြီး တစ်နိုင်ငံကနေ နောက်ထပ် တစ်နိုင်ငံကူးရင် ပိုနီးသွားလို့ လေယာဉ်ခလည်း ပိုသက်သာတယ် .. (USD 100 ဝန်းကျင်လောက်နဲ့ တစ်နိုင်ငံ ထပ်ရောက်တယ်လေ နော်)

***Singapore***

စစချင်း Singapore ကို သွားတယ် .. Emma ကတော့ သူငယ်ချင်းတွေရှိလို့ ၁၀ ရက်နေတယ် .. လည်ချင်ယုံသက်သက်ဆို အများဆုံး ၄ ရက်လောက်နေရင် ရပါပြီ .. Singapore ကျတော့ အစစ အရာရာ စျေးကြီးလို့ ရက်ကြာကြာ မနေတာ အကောင်းဆုံးပါ 😅 ..

Emma က hostel တွေမှာ တည်းတာပါ Hotel ဆိုရင် တစ်ည အနည်းဆုံး ဒေါ်လာ ၁၅၀ လောက်ကစတယ် .. Hostel ဆိုရင်တော့ ၃၀၊၄၀၊၅၀ အစားစားပဲ .. (တစ်ရက်နဲ့ တစ်ရက် demand ပေါ် မူတည်ပြီး စျေးအပြောင်းအလဲရှိတာ သတိပြုပါ ပွဲရက်တွေဆို ပိုစျေးကြီးတယ်)

လည်ရမဲ့ နေရာတွေတော့ မပြောတော့ဘူးနော် .. အကုန်သိပြီးသားဖြစ်မှာပါ Santosa တို့ MBS တို့ GBTB တို့ ..

***Bali***

Singapore ကနေ ဘာလီကို သွားတဲ့ လေယာဉ်က ၂ နာရီခွဲလောက်ပဲကြာတယ် .. ဒါပေမဲ့ ဘာလီက Immigration မှာ တန်းစီရတာ အရမ်းကြာပါတယ် .. တစ်ကမ္ဘာလုံးက အပမ်းဖြေလာတဲ့ မိသားစုတွေ .. ဟန်နီးမွန်းထွက်လာတဲ့ အတွဲတွေ လာတိုးကြလို့ပါ .. 😅 (ဘာလီလို နေရာကို တစ်ယောက်တည်းသွားရင်တော့ နည်းနည်းကြောင်တယ် .. ဘယ်နားသွားသွား အတွဲတွေချည်း)

နေစာရိတ် စားစာရိတ်က အခြေခံအားဖြင့်သက်သာတယ် .. ဒါပေမဲ့ fancy restaurants တွေနဲ့ သုံးနိုင်ရင် သုံးနိုင်သလောက် luxury private resorts တွေရှိတယ် .. ဒါပေမဲ့ ထားပါတော့ ကိုယ်နဲ့မဆိုင်လို့ မပြောတော့ဘူး 😅 .. budget trip ဖက်ကို ပြန်သွားမယ် ..

အခန်းခ က USD 10 ဝန်းကျင်ဆို dorms မှာ Bed တစ်ခုရမယ် .. USD 20 လောက်ဆို Double room တစ်ခုရမယ် .. solo traveller တွေကတော့ Dormitory မှာ နေတာများတယ် .. Dorm ဆိုပေမဲ့ Facilities အပြည့် .. Breakfast ပါတယ် .. ရေကူးကန်ပါတယ် .. အကုန်အဆင်ပြေ .. Emma ဆို ဘာလီကို ကြိုက်လွန်းလို့ ၁ လ နီးပါ ၂၅ ရက်လောက် နေတာပါ .. အစားအသောက်တွေကောင်းတယ် .. တစ်ခုပဲ စျေးသေချာ စုံစမ်းပြီးမှ ဝယ်ပါ အဲဒါကတော့ Tourists place တွေရဲ့ ထုံးစံပေါ့ ..

Bali isn’t all about beaches

ဘာလီလို့ပြောရင် ကမ်းခြေတွေပဲ ပြေးမြင်ကြတယ် .. ဒါပေမဲ့ ဘာလီက ကျွန်းတစ်ခုဖြစ်လို့ .. တခြား တောင်ပေါ်နေရာတွေ ၊ သစ်တောတွေ ရေတံခွန်တွေနဲ့ စမ်းချောင်းတွေလည်းရှိပါသေးတယ် ..

အရမ်းကြီး Details ပြောရင် ပို့စ်ရှည်သွားမှာစိုးလို့ ဒီမှာပဲ ဘာလီအကြောင်းရပ်လိုက်တော့မယ်

***Philippines***

နောက်တော့ Emma ဘာလီကနေ .. ဖိလစ်ပိုင်ရဲ့ မနီလာမြို့ကို အရင်သွားတယ် ပြီးတော့ မနီလာကနေ တဆင့် စီဘူးကျွန်းကို ဆက်တယ်ပေါ့ .. ဖိလစ်ပိုင်မှာလည်း နေစားစာရိတ် သက်သာပါတယ် ၊ လည်စရာတွေပေါတယ် local တွေကဖော်ရွေတယ် .. Tourist တွေကြားမှာ တော်တော်နာမည်ကြီးတဲ့ နိုင်ငံတစ်ခုပါ ..

Emma အခုပြောသွားတဲ့ နိုင်ငံ ၃ ခုစလုံးက .. free visa ကို ရက် ၃၀ စီရတာပါ .. အဲဒါကြောင့် ကြာကြာ အချိန်ဖြုန်းချင်တဲ့ သူအတွက်လည်း အဆင်ပြေသလို visa stamp လိုချင်လို့ ခဏသွားလည်းရပါတယ် .. Emma ကတော့ ထုံးစံအတိုင်း ဖိလစ်ပိုင်မှာလည်း

၁ လ နီးပါးနေပြီး လည်ခဲ့တယ်ပေါ့ ..

နိုင်ငံ တစ်ခုချင်းစီ ရဲ့ အကြောင်းတွေ .. တစ်နိုင်ငံမှာ လည်ခဲ့တဲ့ နေရာတွေရဲ့ အသေးစိတ် အကြောင်းအရာတွေကို ပို့စ်လေးတွေ ခွဲပြီး တင်ပေးမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြပါဦးနော် .. တခြား သိချင်တဲ့ အကြောင်း အရာလေးတွေ ရှိရင်လည်း Facebook Page ကနေ လာမေးလို့ရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back to top