Budget trip လေးတွေ ဘယ်လိုသွားလဲ မေးကြလို့ .. ပြောပြမယ် ..
ထိုင်းကို လေယဉ်လက်မှတ် one way ပဲဝယ်တာ USD 80 .. အပြန်ကို booking ပဲပြတယ် ..
ရန်ကုန်ကနေ ပုလင်းတစ်လုံး ဝယ်သွားတာ .. (700 ml) လောက် အဲဒီတုန်းက ၅ သောင်းလား ၊ ၆ သောင်းလားပဲ ..
ထိုင်းရောက်တော့ သူငယ်ချင်းကိုပေးလိုက်တယ် .. သူ့အိမ်မှာ ၁၀ ရက်နေတယ် .. ချက်ပြုတ်စားတယ် .. တပြားမှမကုန်ဘူး .. ဝေါ်ကွိကို free ကုန်းဆင်းတယ် ..
အဲဒီကနေ India ကို လေယဉ်က USD 120 ဝန်းကျင်ရှိတယ် .. (one way)
သွားခါနီးကို ကလေးတွေအတွက် ချောကလက် 3 ဗူး 10 USD .. လူကြီး (အန်တီကြီး) ၃ ယောက် အတွက် ပုဝါလေးတွေ လက်ဆောင် ဝယ်တာ .. 10 USD
ဟိုမှာ 3 လနေခဲ့တယ် .. နေစားငြိမ်း တပြားမှ မကုန် .. တစ်ပတ်ကို အနည်းဆုံး 2 ရက် beer တိုက်တယ် .. 1 လ 1ခါလောက် မွေးနေ့တွေမှာ party လုပ်ပေးတယ် ..
free အင်တာနက် .. free bill တွေ အပြင်ကို ပြန်ခါနီး နှုတ်ဆက်ပွဲတောင် လုပ်ပေးလိုက်သေးတယ် ..
အဲဒီလို ဆိုတော့ budget ခရီးလေးတွေ သွားချင်ရင် .. ကုန်းဆင်းလို့ ရမဲ့ သူငယ်ချင်းတွေ များများရှာပါ ..
တစ်နိုင်ငံကို တစ်ယောက်ပဲ ရှိဦးတော့ .. ၁၀ ယောက်ဆို ၁၀ နိုင်ငံ ပတ်လို့ရပါပြီ ..
မရှင်းတာ ရှိရင် လာမေးလို့ရပါတယ် ..
