Kolhapur

Emma အခု ရောက်နေတဲ့ မြို့လေးက Kolhapur လို့ခေါ်တဲ့ မြို့လေးပါ .. အရမ်းနာမည်ကြီးတဲ့ မြို့မဟုတ်လို့ .. တကူးတက အလည်လာတဲ့ သူတော့ရှားပါတယ် .. အနီးစပ်ဆုံး လူသိများတဲ့ မြို့ကိုပြောပါဆိုရင်တော့ Goa ပါ .. ကီလိုမီတာ ၂၀၀ ကျော်ဝေးပြီး ကားနဲ့ဆို ၅ နာရီလောက် သွားရပါတယ် ..

Tourist တွေ လာနေကျမဟုတ်တဲ့ နေရာဖြစ်လို့ .. English လိုတော့ အရမ်းကြီး မသုံးကြပါဘူး .. local တွေပဲအများစုနေကြတဲ့ မြို့လေးဖြစ်တာကြောင့် တခါတစ်လေ English လိုပြောသံကြားရင် ထူးထူးဆန်းဆန်းနဲ့ လိုက်ကြည့်တာတော့ ခံရတတ်တယ်

ဒီမြို့မှာ အထင်ကရနေရာတွေကိုပြောပါဆို နန်းတော်ဟောင်းပြတိုက်၊ သူ့မလှမ်းမကမ်းမှာရှိတဲ့ Rankala Lake .. နဲ့ တခြား နာမည်ကြီး ဘုရားကျောင်းတွေ ပါပဲ ..

နန်းတော်ဟောင်းပြတိုက်မှာကတော့ အရင် ဘုရင်လက်ထက်က ပစ္စည်းတွေ ၊ သမိုင်းကြောင်းရှင်းပြချက်တွေနဲ့ သူတို့လက်ထက်က အမဲလိုက်၊စစ်တိုက်ရာမှာ အသုံးပြုတဲ့ ဓါးလန ပစ္စည်းမျိုးစုံ .. အမဲလိုက်ခဲ့တဲ့ တိရစ္စာန်တွေရဲ့ သားရေ၊ဦးချိုတို့ကို ပြသထားပါတယ် .. ဘုရင်တွေလက်ထက်ကတော့ အမဲလိုက်အရည်အချင်းက ရဲစွမ်းသတ္တိကိုပြတဲ့ ဂုဏ်ယူစရာ အရာတစ်ခုမို့ အခုလိုပြသထားတာဖြစ်ပါတယ်

Rankala Lake ကတော့ ညနေစောင်းဆို အလည်လာကြတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပြည့်နေပြီးတော့ ဘေးပတ်လည်မှာ လမ်းဘေး မုန့်ဆိုင်လေးတွေလည်း ရှိကြပါတယ် .. (India ရဲ့ street food တွေက ဒေလီလိုနေရာမျိုးမှာ သိပ်မသန့်ရှင်းပေမဲ့ ဒီမြို့မှာကတော့ အဆင်ပြေပါတယ် .. ဆိုင်လေးတွေက သပ်သပ်ရပ်ရပ်ရှိလို့ပါ)

ဘုရားကျောင်းတွေကတော့ ဘုရားအမျိုးမျိုးကို ရည်ရွယ်ပြီး တည်ထားတဲ့ ကျောင်းမျိုးစုံတွေ့ရမှာပါ .. ဘုရားကျောင်းတက်တဲ့ရက်ကလည်း အမျိုးမျိုးရှိပါတယ် .. ဥပမာ မဟာလက်ရှမီး ကျောင်းဆို သောကြာ၊ အရှင်ရှီဗားကျောင်းဆို တင်္နလာ အဲလိုတွေကွာခြားပါတယ် .. ကျန်တဲ့ရက်တွေလည်း သွားပူဇော်ကြတဲ့သူတွေရှိပေမဲ့ သတ်မှတ်ထားတဲ့ ရက်တွေကတော့ လူပိုစည်ကားပါတယ် ..

Emma ကတော့ သူငယ်ချင်းတွေရှိတဲ့နေရာမို့ လည်စရာသိပ်မရှိပေမဲ့ ရက်ရှည်နေဖြစ်ပါတယ် .. ရာသီဥတုကောင်းတဲ့ရက်ဆိုရင်တော့ မြို့ပြင်က တောင်ပေါ်ရှုခင်းတွေကို သွားကြည့်လို့ရပါတယ် .. အရမ်းသဘောကျတဲ့ အရာတစ်ခုက သူတို့ဆီမှာ သဘာအတိုင်း သွားလာနေကြတဲ့ ဒေါင်းငှက်တွေ အများအပြားကို တွေ့ရပါတယ် .. အထူးသဖြင့် မနက်စောစောဆိုရင် လာလေ့ရှိပါတယ် ..

သစ်တော သစ်ပင်ပေါများတဲ့ နိုင်ငံမို့ တချို့မြို့တွေဆို မျောက်တွေပေါပြီး ၊ တချို့ရွာငယ်လေးတွေဆို ကျား၊ကျားသစ်၊ခြင်္သေ့တွေလည်း မကြာခဏ ဝင်မွှေတတ်တာ social media တွေမှာ တွေ့ဖူးမှာပါ

(ဒါကတော့ စကားကြုံလို့ပြောပြတာ .. ဒီမှာတော့မရှိပါဘူး)

မြို့ခံတွေက ရှေးရိုးဆန်ပေမဲ့ အရမ်းဖော်ရွေပြီး သဘောကောင်းလို့ ဧည့်သည်လာရင် အရမ်းပျော်ကြပါတယ် .. မကြာခဏ အိမ်တွေက ထမင်းစားဖိတ်လို့ သွားရတာနဲ့ အပြင်မှာသိပ်တောင် ဝယ်မစားဖြစ်ဘူး .. အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ home made လက်ရာ အစစ်က အရသာပိုကောင်းပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ် .

.

Hindu ဘာသာဝင်နဲ့ Islam ဘာသာဝင်တွေပဲ အဓိကနေထိုင်ကြလို့ ကြက်နဲ့ ဆိတ်ကိုပဲ စားကြပြီးတော့ .. ဝက်၊အမဲကတော့ ရှောင်ကြပါတယ်။ အသားလုံးဝ မစားတဲ့ pure vegetarian တွေလည်းရှိပါတယ် ။ အခါကြီး ရက်ကြီးတွေ ရောက်ရင်တော့ MacDonald လို ဆိုင်မျိုးမှာတောင် သက်သက်လွတ် ဘာဂါပဲ ဝယ်လို့ရပါတယ် .. (ကျန်တဲ့ ရက်တွေကတော့ chicken burger ရတယ် ..)

ဒါလေးတွေကတော့ Emma လေ့လာမိသလောက်ပြန်ပြီး knowledge sharing လုပ်ပေးတာပါ .. ကျန်တာတော့ ဘာမှ ထွေထွေထူးထူး လည်ပတ်စရာမရှိလို့ .. လာခဲ့ဖို့တော့ မဖိတ်တော့ဘူး

.. အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *

Back to top