Varanasi

မြန်မာတွေကတော့ ဗာရာဏသီ လို့ခေါ်ကြတယ် ..

ကမ္ဘာ့ရှေးဟောင်းအကျဆုံး မြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ နှစ်ပေါင်း ၃၀၀၀ ကျော် မင်းဆက်အမျိုးမျိုး အုပ်စိုးခဲ့တဲ့မြို့ဖြစ်တာကြောင့် .. ယဉ်ကျေးမှုမျိုးစုံ ထွန်းကားတဲ့မြို့လည်းဖြစ်တယ် .. နှစ်ပေါင်းများစွာကတည်းက ဂင်္ဂါမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းတွေမှာ ရောင်းဝယ်ဖောက်ကားတဲ့ အလေ့အထလည်း ရှိပြီးတော့ ယနေ့ထက်ထိလည်း ချည်ထည်၊ပိုးထည် လုပ်ငန်းတွေ ၊ လက်မှုပစ္စည်းတွေ နဲ့ အသီးအနှံ စားသောက်ကုန် လုပ်ငန်းတွေအများကြီးတွေ့ရတယ် ..

များသောအားဖြင့် Hindu ဘာသာကိုကိုးဝယ်ကြပေမဲ့ .. Mughal မင်းဆက် အုပ်စိုးတဲ့အချိန်မှာလည်း Islam ဘာသာကို ထွန်းကားအောင် ပြုလုပ်ခဲ့ကြလို့ Islam ဘာသာဝင်တွေလည်း တော်တော်များများတွေ့ရတဲ့အပြင် .. Christian, Buddhism နဲ့ Sid ဘာသာဝင်တချို့လည်း ရှိကြပါတယ် ..

India မှာဆိုရင် Taj Mahal ပြီးရင် ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားမှုအများဆုံး နေရာဖြစ်လို့ .. သွားလာရ အဆင်ပြေပြီး ကုန်ကျစာရိတ်လည်း သက်သာပါတယ် .. Emma ကတော့ အပြင် tuk tuk 🛺 တွေထက် Uber app ကနေ ငှါးရတာ ပိုသဘောကျပါတယ် … ဟိုနား ဒီနားဆို ရူပီး ၁၀၀ (မြန်မာငွေ ၅၀၀၀ ) ဝန်းကျင်ပဲကျပါတယ် ..

လည်စရာနေရာတွေကတော့ ဘုရားကျောင်းတွေပဲများပါတယ် .. ဟိန္ဒူ ဘုရားကျောင်းတွေအပြင် ဗုန္ဒဘာသာ ဘုရားကျောင်း နည်းနည်းလည်းရှိပါတယ် ..

နောက်တစ်ခု Varanasi ကို လူသိကြတဲ့အကြောင်းက .. cremating လို့ခေါ်တဲ့ လူသေအလောင်းတွေကို ဂင်္ဂါမြစ်ကမ်းမှာ မီးသဂြိုဟ်တဲ့ ဓလေ့ပါ .. Hinduism တွေ အတွက်ကတော့ ဂင်္ဂါမြစ် ဟာ မြင့်မြတ်တဲ့နေရာဖြစ်တာကြောင့် အဲဒီနေရာမှာ မီးသဂြိုဟ်ရင် သေသူရဲ့ ဝိညာဉ်က သန့်စင်ပြီးတော့ ကောင်းမွန်တဲ့နေရာကို ရောက်ရှိမယ်လို့ ယုံကြည်ကြပါတယ် ..

အဲဒီယုံကြည်ချက်က သေဆုံးသူတွေအတွက်တင်မကပါဘူး .. သက်ရှိလူသားတွေအတွက်လည်းအတူတူပါပဲ အဲဒါကြောင့်မို့ ယုံကြည်သူတိုင်းက Varanasi ကိုရောက်ရင် ဂင်္ဂါမြစ်ကမ်းမှာ မဖြစ်မနေ ရေချိုးကြပါတယ် ..

Emma ကတော့မချိုးခဲ့ပါဘူး dead body တွေက ပြာတွေကြောင့် ရေညစ်ညမ်းတာတွေဖြစ်ပြီး.. ထင်းမီးနဲ့ပဲ ရှို့တာဖြစ်လို့ body က အကုန်လောင်သွားတာမျိုးမဟုတ်ဘဲ တစ်ချို့အစိတ်အပိုင်းတွေ ကျန်နေတာတွေကိုပါ မြစ်ထဲမျောကြလို့ပါ 😅 ပြောရင်း ကြက်သီးတောင်ထတယ်

(ဒါကတော့ ဘာသာရေးနဲ့မဆိုင်ပဲ personal feeling အရ .. မလုပ်ချင်လို့ မလုပ်တာပါ )

ကဲ ဒီလောက်ဆိုရင်တော့ ဗာရာဏသီ အကြောင်း စုံသလောက် ဖြစ်သွားပါပြီ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေရှိရင်လည်း comment မှာ ဝေမျှပေးခဲ့လို့ရပါတယ် ..

အားလုံးကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *

Back to top