India ကိုပတ်သွားရင်း Bodh Gaya ကိုပါဝင်မယ်ဆိုတော့ သူငယ်ချင်းတွေကတောင် ဘာသွားလုပ်မှာလဲတဲ့
Bodh Gaya ဆိုရင် တော်တော်များများက ထွက်ရပ်ပေါက်နေတဲ့သူတွေ သွားတဲ့နေရာ ၊ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ဘုန်းကြီး ၊ သီလရှင်တွေ တရားကျင့်ကြံတဲ့နေရာ ၊ ဘုရားဖူးတဲ့နေရာလို့ပဲထင်ကြတယ်
တကယ်တမ်းကျတော့ Gaya က Buddhism တွေအတွက် Holy place လို နေရာမျိုးသာမက .. တခြားနိုင်ငံခြားသားခရီးသွားတွေအတွက်လည်း attraction နေရာ တစ်ခုဖြစ်တာကြောင့် တော်တော်များများ လာရောက်လေ့လာ လည်ပတ်လေ့ရှိကြပါတယ် .. Hinduism တွေအတွက် Varanasi လိုပေါ့ ( Emma လည်း Gaya ပြီးရင် Varanasi ကိုသွားဦးမှာပါ )
ရှေးခေတ် အဆောက်အဦးလက်ရာတွေ ၊ ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်းတွေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို လေ့လာချင်တဲ့သူတွေအတွက်တော့ သွားရောက်သင့်တဲ့နေရာတစ်ခုပေါ့
Local တွေအနေနဲ့ကလည်း လူမျိုးပေါင်းစုံရှိပြီးတော့ Hindu, Muslim, Buddhism နဲ့ Sid ဘာသာကိုးကွယ်ကြလို့ .. မဟာဗောဓိနဲ့ ကပ်လျှက်မှာပဲ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းနဲ့ လမ်းလေးပဲခြားပြီးတော့ ဗလီလည်းရှိပါတယ် ..
တချို့ကလည်း ဘုရားဖူးမှာမို့ အိမ်ကနေထွက်တာနဲ့ ယောဂီဝတ်စုံကြီးချွတ်မရတော့ဘူးလို့ထင်ကြတယ် .. တကယ်တမ်းကျတော့ မဖြစ်မနေကြီး ဝတ်စရာမလိုအပ်ပါဘူး .. အသင်းအဖွဲ့နဲ့လာကြတဲ့သူတွေကတော့ uniform လိုမျိုးဖြစ်အောင် ဝတ်ဆင်ကြလေ့ရှိပါတယ် .. ပုံမှန်ဆိုရင်တော့ လုံခြုံပြီး သရုပ်မပျက်တဲ့ အဝတ်အစားလိုမျိုးဆိုရင်အဆင်ပြေပါပြီ .. လာရောက်ကြတဲ့ local tourist တွေအများစုကတော့ ဆာရီလိုမျိုး ရိုးရာဝတ်စုံကို ဝတ်ကြပြီးတော့ .. တချို့ကလည်း Jeans တွေဝတ်ကြပါတယ် .. တကယ်လို့ ရောက်တုန်းရောက်ခိုက် Indian Traditional Dress လေးဝတ်ချင်ရင်လည်း ဘုရားစျေးတန်းမှာ ရောင်းတဲ့ဆိုင်တွေရှိပါတယ် .. Emma ကတော့ မဝယ်ဖြစ်လို့ စျေးမမေးကြည့်ခဲ့ရဘူး ..
Temples တွေအားလုံးက ဝင်ကြေး ပေးစရာမလိုဘူး Free ပါ .. မဟာဗောဓိမှာကတော့ အထဲကို ဖုန်းယူခွင့်မပြုလို့ .. ဓါတ်ပုံမဖြစ်မနေ ရိုက်ချင်တယ်ဆိုရင်တော့ Camera လေးဆောင်ခဲ့ကြပါ .. Camera ကြေးကတော့ 100 rupees လောက်ပဲပေးရလို့ မြန်မာငွေ ငါးထောင် ဝန်းကျင်ပါပဲ .. Camera မပါခဲ့ရင်တော့ အထဲမှာ ဓါတ်ပုံဆရာတွေရှိလို့ သူတို့ကို ရိုက်ခိုင်းရင် အဆင်ပြေပါတယ် .. Emma ကတော့ မရိုက်ခဲ့ဘူး .. အပြင်ဖက် ပန်းခြံကနေပဲ လှမ်းရိုက်ခဲ့တယ် ..
မဟာဗောဓိအပြင် တခြား temples တွေ ဘုန်ကြီးကျောင်းတွေကလည်း အနီးတစ်ဝိုက်မှာပဲရှိလို့ .. ကိုယ်က ဘုရားစာရွတ်တာ တရားထိုင်တာ မကြာဘူးဆိုရင် မြို့ထဲကနေရာအားလုံးကို နေ့တစ်ပိုင်းနဲ့တင် အနှံ့သွားလို့ရပါတယ် .. မြို့ပြင်က တောင်ပေါ်တွေ လှိုဏ်ဂူတွေကိုတော့ အချိန်ရရင် ဆက်သွားလို့ရသလို .. နောက်တစ်ရက်မှ သေချာ အချိန်ပေးပြီး သွားလည်း အဆင်ပြေပါတယ် ..
Bodh Gaya က Gaya မြို့ရဲ့ အပြင်ဖက်ရောက်ပြီး နယ်မြို့သေးသေးလေးလိုဖြစ်တာကြောင့် .. လိုအပ်တဲ့ ပစ္စည်း၊ဆေးဝါးတွေ ဝယ်ဖို့မလွယ်ပါဘူး အဲဒါမို့ ကိုယ်သုံးတတ်တဲ့ အရာတွေကို ကြိုပြီးဆောင်ခဲ့မှ အဆင်ပြေမှာပါ ..
နောက်တစ်ခု သတိပေးချင်တာက .. အခုလို နွေရာသီမှာ အပူချိန်အရမ်းပြင်းတာကြောင့် ဦးခေါင်း အဆောင်းဆောင်းဖို့နဲ့ နေရောင်ခြည်ဒဏ်က ကာကွယ်နိုင်တဲ့ လုံခြုံပြီး အေးတဲ့အဝတ်အစားတွေပဲဝတ်ပါ .. နောက်ဆုံး ရေဓါတ်မခမ်းခြောက်စေဖို့လည်း မကြာမကြာ ရေသောက်သုံးပေးဖို့ လိုအပ်ပါတယ် .. တခြား သိချင်တဲ့ အကြောင်းအရာတွေရှိရင် Facebook Page က လာမေးလို့ရပါတယ် ..