Non Touristy Places To Visit In Singapore

Singapore ကတော့ မြန်မာတွေနဲ့ အရမ်းစိမ်းတဲ့ နေရာတစ်ခုတော့မဟုတ်ဘူး တော်တော်များများကလည်း သိပြီးသားအကြောင်းအရာတွေများမယ် .. ထွေထွေထူးထူး ပြောစရာလည်း သိပ်မရှိလို့ စင်္ကာပူနဲ့ပတ်သတ်တာ သိပ်မတင်ဖြစ်ဘူး ..

ဒါပေမဲ့ အခုရောက်တုန်းရောက်ခိုက် ပို့စ်လေးတစ်ခုလောက်တော့ တင်ဦးမယ် ဘာရေးရင်ကောင်းမလဲလို့ စဉ်းစားနေတာ ..

Santosa တို့ MBS တို့ GTBT တို့လိုနာမည်ကြီး နေရာတွေချည်းကိုပဲတော့ ထပ်မပြောချင်တော့ဘူး ..

အဲဒါမို့လို့ ဒီတစ်ခေါက်မှာတော့ .. နာမည်ကြီး Tourist Attraction မဟုတ်တဲ့ local or resident တွေလောက်ပဲ သွားကြလေ့ရှိတဲ့ နေရာတွေအကြောင်းကိုပြောပြသွားမယ်နော်

1. Henderson Waves

အရမ်းလှတဲ့ ရေလှိုင်းပုံစံ တံတားကြီးပေါ့ .. ညနေစောင်းတွေ သွားရင် ရှုခင်းကြည့်လို့လည်းရသလို အဲဒီနားမှာရှိတဲ့ Mount Faber ကိုလည်း တစ်ခါတည်းဝင်လည်လို့ရတယ် .. Mount Faber ကနေ မြင်ရတဲ့ ညဖက်မြင်ကွင်းအရမ်းကို ကဗျာဆန်ပြီးလှတယ်နော် .. ပိတ်ရက်မဟုတ်ရင် လူလည်းရှင်းပြီး နားအေးပါးအေး ရှိတာကြောင့် Emma အကြိုက်ဆုံးနေရာလို့ပြောလို့လည်းရတယ်

2. Lakeside Garden

အဲဒီပန်းခြံကလေ .. Lakeside အပြင် Chinese Garden နဲ့ Japanese Garden တွေကိုပါ တစ်ဆက်တည်းသွားလို့ရတာကြောင့် အရမ်းကို ကျယ်ပြီးတော့ အားကစားလုပ်တဲ့သူတွေ ပျော်ပွဲစားလာကြတဲ့သူတွေနဲ့ တော်တော်လေးစည်ကားပါတယ် .. အဓိက အဲဒီနေရာကို သဘောကျတဲ့ အကြောင်းအရင်းက အပေါ်မှာ ပြောသလို ပန်းခြံ ၃ ခုကို ပေါင်းထားတဲ့အတွက်ကြောင့် တစ်နေရာနဲ့တစ်နေရာ ရှုခင်းတွေ .. Themes တွေက မတူပဲ တစ်နေရာရောက်ရင် တစ်မျိုးလေး ပြောင်းသွားတာ ခံစားမိတယ် .. တခြားပန်းခြံတွေဆို ပုံစံကအတူတူပဲ ဘယ်နားသွားသွားတူနေတော့ ပျင်းဖို့ကောင်းတယ်လေ .. ဒီနေရာလေးကတော့ အဲလိုမဟုတ်ဘူး .. တစ်နာရီလောက် ဆက်တိုက် လမ်းလျှောက်ရင်တောင် ကြည့်စရာမကုန်ဘူး .. Christmas လိုမျိုးမှာဆို Light installation တွေနဲ့ ပိုတောင်လှသေးတယ် …

3. Fort Canning Park

ဒီပန်းခြံလေးက ထွေထွေထူးထူးတော့ မရှိပေမဲ့ .. မြို့လယ်ခေါင် City Hall နားမှာရှိပြီး သွားရလည်း လွယ်သလို .. အပင်ကြီးတွေ အုပ်ဆိုင်းပြီး သစ်တောလေးလို ဖြစ်နေလို့ အရမ်းအေးချမ်းတယ် .. ဒါပေမဲ့ ပိတ်ရက်တွေမှာဆို လူများတော့ သွားလို့မကောင်းဘူး … ထပ်ပြီး fort canning ကို သွားသင့်တဲ့အချက်တစ်ခုက Instagram spot တစ်ခုဖြစ်တဲ့ Fort Canning Tree Tunnel လေးကြောင့်ပါ .. ဓါတ်ပုံရိုက်လို့ အရမ်းကောင်းတဲ့နေရာလေးပေါ့ … တချို့ pre wedding တွေလည်း လာရိုက်ကြလို့ တစ်ခါတစ်လေတော့ လူစောင့်ရတတ်တယ် .. အေးဆေးရိုက်ချင်ရင်တော့ လူရှင်းမဲ့အချိန် မနက်ပိုင်းမှာ သွားတာ ပိုကောင်းတယ်

4. Southern Ridges

သံတံတား အရှည်ကြီး သစ်တောထဲကနေဖြတ်ဆောက်ထားတာ .. သဘာဝနေရာလေးတွေကို သဘောကျတဲ့သူအတွက်ဆိုရင်တော့ အရမ်းမိုက်တဲ့နေရာတစ်ခုပေါ့ .. ဒါပေမဲ့ သူက hiking လုပ်ရတာမျိုးမို့ လမ်းမလျှောက်ချင်ရင်တော့ မသွားပါနဲ့ ..

5. Labrador Nature Reserve

သူကကျတော့ တခြား ပန်းခြံတွေနဲ့ ဘာကွာလဲဆိုရင် အပင်တွေက ဒီရေတောပင်တွေပါ .. နှုံးတွေထဲမှာ ပေါက်တဲ့ အမျိုးအစားပေါ့ .. Entrance ကနေဆို မိနစ် ၂၀ လောက် တံတားပေါ်ကဖြတ်သွားပြီးမှ ပန်းခြံထဲရောက်တာ .. ရှုခင်းကြည့်လို့လှတယ် .. လမ်းလျှောက်လို့ကောင်းတယ် .. ဓါတ်ပုံရိုက်ချင်ရင်တော့ မီးပြတိုက် သေးသေးလေးတစ်ခုရှိတယ် ..

6. Southern Islands

Marina south pier ကနေ Ferry မိနစ် ၃၀ လောက် စီးပြီးသွားရတယ် .. fishing နဲ့ snorkeling လုပ်ချင်တဲ့ သူတွေအတွက်တော့ အဆင်ပြေပေမဲ့ .. နေတော်တော် ပူပြီး အရိပ်မရှိတာကြောင့် လူတော့ သေအောင်ပင်ပမ်းတာ အမှန်ပဲ .. (နောက်တစ်ခေါက် ထပ်သွားချင်တဲ့နေရာထဲမှာတော့ မပါဘူး 😅)

7. Pulau Ubin

သူကတော့ တစ်ကျွန်းလုံးကို စက်ဘီးနဲ့ပတ်သွားနိုင်မှ အဆင်ပြေတာ .. Changi ကနေ Ferry 15 မိနစ်လောက်စီးပြီးကူးရတယ် .. အရိပ်ရှိလို့ အဆင်တော့ပြေပေမဲ့ တချို့နေရာတွေမှာ ကုန်းတက် ကုန်းဆင်းတွေကြောင့် ခြေထောက်တော်တော်ညောင်းပြီး Phinတွေလည်းနာတယ် 😂

တချို့ကတော့ ကိုယ်ပိုင်ဘီးယူလာကြသလို ငှါးစီးလို့လည်းရပါတယ် .. အဲဒီမှာလည်း ရှုခင်းအရမ်းလှတဲ့ တောင်ထိပ် view point လေးရှိတယ် .. မိုးရွာပြီးခါစဆို သတိထားပြီးတက်ပါ .. လူပြုတ်ကျပြီး သေဖူးလို့ 😓

8. Macritchie Treetop Walk

ဒီနေရာလေးကလည်း hiking သွားတဲ့နေရာလေးပါပဲ .. 5km , 10km, 20km အထိ ကိုယ်ကြိိုက်တဲ့ လမ်းကြောင်းကို ရွေးသွားလို့ရတယ် .. လမ်းမှာ တစ်ခါတစ်လေ မျောက်တွေနဲ့ monitor lizards လို့ခေါ်တဲ့ ဖွတ်သတ္တဝါကို တွေ့ရတတ်တယ် .. သတိထားရမှာ တစ်ခုက ရေကလွဲရင် အစားအသောက် ယူသွားလို့မရဘူးနော် .. မျောက်တွေက လုယူသောင်းကျန်းတတ်လို့ပါ

9. Bukit Timah Hill

စင်္ကာပူနိုင်ငံမှာရှိတဲ့ ရှားရှားပါးပါး ကုန်းမြငိ့လေးပါ .. 160 m လောက်ပဲရှိပေမဲ့ သူတို့ဆီမှာတော့ အမြင့်ဆုံးလို့ ပြောလို့ရတယ် 😅 .. ရောက်ဖူးချင်ရင်တော့ သွားကြည့်ပါ Emma ကတော့ တခြားနေရာတွေလောက် သိပ်မကြိုက်ဘူး ..

10. SkyVille @ Dawson

ပင်ပမ်းလို့ ဘယ်မှမသွားချင်ဘူး အေးအေးဆေးဆေးနဲ့ ရှုခင်းကြည့်ရင် အပမ်းဖြေချင်ရင်တော့ Queenstown မှာ ရှိတဲ့ ဒီ sky garden လေးကို သွားကြည့်ပါ .. 47 လွှာမှာ ရှိပြီးတော့ စင်္ကာပူကို အပေါ်စီးကနေမြင်ရတဲ့ မြင်ကွင်းက အရမ်းလှတယ် .. နေမဝင်ခင်သွားပြီး day view ကော night view ကောစောင့်ကြည့်တာပိုကောင်းတယ် သတိထားရမှာ ကတော့ ရာသီဥတု အခြေအနေကြည့်သွားပါ .. မိုးရွာရင် အဆင်မပြေ .. ပုံမှန်အချိန်တောင် လေလည်းအရမ်းတိုက်လို့ အပေါ်ထပ်လေးဆောင်သွားတာပိုကောင်းပါတယ် ..

ဒီလောက်ဆိုရင်တော့ စုံလောက်ပြီထင်တယ် .. စင်္ကာပူမှာ လည်ပြီးသားနေရာတွေ ထပ်မလည်ချင်တော့ဘူး .. လူအရမ်းမများတဲ့ အေးအေးဆေးဆေး နေရာလေးတွေသွားချင်တယ်ဆိုတဲ့ သူတွေအတွက် အဆင်ပြေမှာပါ .. ပြီးတော့ အခုပြောပြခဲ့တဲ့ နေရာတွေအကုန်လုံးက ဝင်ကြေးလည်း ပေးစရာမလိုလို့ budget friendly ဖြစ်တယ်နော် 😇

တခြား သိချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်း Messenger or comment ကနေ မေးလို့ရပါတယ် .. အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *

Back to top