How to apply India e-Visa

Emma ဟိုနေ့က India evisa လျှောက်ရတဲ့ပုံစံလေး ပြောပြပေးသွားတယ် .. အရမ်းလွယ်တယ် Form ဖြည့်ယုံပဲဆိုပြီးတော့ မလုပ်ပြတော့တာ .. ဒါပေမဲ့ တချို့ Emma ကို ထပ်လာမေးတဲ့သူတွေရှိလို့ .. Form ဖြည့်တဲ့ ပုံစံလေးကိုပါ step by step လုပ်ပြတဲ့ video လေးလုပ်ပေးထားပါတယ် .. ကိုယ်တိုင်လိုက်လုပ်ကြည့်ရင် အဆင်ပြေအောင်လို့ပါ ..

အသိမောင်လေး တစ်ယောက်ပြောတာ agent တွေဆို service ခ မြန်မာငွေ သိန်းချီတောင်းတယ်ပြောလို့ .. Emma ကတော့ ကိုယ့်အားကိုကိုးပြီး ကိုယ်တိုင်လုပ်ကြည့်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ် .. မလုပ်တတ်လို့ မလုပ်ဘူးဆိုရင် ဘယ်တော့မှ လုပ်တတ်မှာ မဟုတ်ဘူးလေနော် .. (တစ်ခါလုပ်ဖူးသွားရင် နောက်ထပ်သွားချင်လည်း ကိုယ်တိုင်လုပ်လို့ရမယ်)

Emma တုန်းကဆိုရင်လည်း ဘယ်သူမှမမေးဘူး online မှာ စာတွေလိုက်ဖက်ပြီး ကိုယ်တိုင်လျှောက်လုပ်ကြည့်တာ ..

အခုဆို video လေးကြည့်ပြီး လုပ်လို့ရတော့ ပိုအဆင်ပြေတာပေါ့ .. ဖြစ်နိုင်ရင်တော့ ကိုယ်တိုင်ပဲလုပ်စေချင်တယ် .. နောက်ဆုံး လုံးဝ မရတော့လို့ အဆင်မပြေဖြစ်နေတယ်ဆိုရင်တော့ Emma ကိုလာပြောရင်လုပ်ပေးပါမယ် ..

(နောက်ဆုံးမရမှ ပြောတာနော် .. ပျင်းတိုင်း လာမလုပ်ခိုင်းနဲ့ 😅)

Video ကတော့ တော်တော်ရှည်ပါတယ် .. ဖြည့်ရတဲ့ information တွေများလို့ပါ .. file size ကြီးလို့ YouTube မှာပဲ တင်ပေးထားတယ်

အောက်မှာ လင့်ချပေးထားပါမယ် .. အပမ်းမကြီးရင် subscribe လေး လုပ်သွားပေးပါဦး .. ကြုံတုန်းလေး ကြော်ငြာဝင်ချင်လို့ 😁

Leave a Reply

Back to top