၁။ ပထမဦးဆုံး မိုးလေဝသကို တစ်ပတ်စာ ကြိုကြည့်ပြီး ရာသီဥတုသာယာတဲ့ရက်ကို သွားတာအကောင်းဆုံးပါ .. မိုးရွာနေရင်တော့ လုံးဝပျံလို့မရပါဘူးနော် ၂။ မိုးမရွာဘူးဆိုရင်တောင် လေတိုက်နှုန်းမြင့်နေရင်လည်းပျံလို့မရပါဘူး အဲဒါကတော့ ကြိုပြီးတော့ ခန့်မှန်းလို့မရတဲ့ အခြေအနေမို့ ဆုတောင်းရမှာပဲ .. တကယ်လို့မီးပုံးက ပျံခါနီး last minute မှာတောင် ရာသီဥတု ရုတ်တရက်ပြောင်းသွားခဲ့ရင် အကုန်လုံး cancel ပြန်လုပ်ပါတယ် .. ဒါကတော့ safety first ပေါ့နော် ၃။ ရာသီဥတုကိုတော့ စစ်ပြီးပြီ စျေးနှုန်းကိုရော ဘယ်လိုစစ်လို့ရမလဲ …..
ပထမဆုံးအကြိမ် လေယဉ်စီးတဲ့အခါ .. ပစ္စည်းတွေ ဘယ်လိုထည့်ရမလဲ မသိလို့ .. လာလာမေးကြတယ် .. ဒီတိုင်းပြောတာထက် .. ပုံလေးနဲ့ပြရင် ပိုရှင်းမယ်ထင်လို့ .. လေဆိပ်က ရိုက်ယူလာတာ .. တစ်ပုံချင်း ဖတ်ကြည့်နော် .. ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ .. Gas လောင်စာဆီ တခြား မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို .. လေယဉ်နဲ့ သယ်ခွင့်မရှိပါဘူး .. (check in ကော hand carry ကော မရတာပါနော် )…
နိုင်ငံ တစ်နိုင်ငံက ဘယ်လောက်ပဲ သဘာဝအလှတရားတွေ ရှိနေပါစေ .. ဘယ်လောက်ပဲ ခေတ်မီ တိုးတက်နေပါစေ .. ဒေသခံ လူမျိုးတွေရဲ့ စိတ်ရင်းစိတ်ထား မကောင်း ၊ မဖော်ရွေရင် လည်ပတ်လို့ မကောင်းဘူး .. ဟုတ်တယ်လေ .. ဘယ်နိုင်ငံကတော့ scam တွေ အရမ်းပေါတာ .. စျေးတွေဆိုပိုတောင်းတယ် .. နိုင်ငံခြားသားဆို ဂျင်းထည့်ဖို့ချောင်းနေကြတယ် ဆိုတဲ့ လူမျိုးတွေရှိတဲ့နေရာဆိုရင် .. ဘယ်လောက်ပဲ touristic ဖြစ်ပါစေဦးတော့ မသွားချင်ဘူး .. စိတ်အနှောက်အယှက်ဖြစ်ရတယ် …..
ကမ္ဘောဒီးယား Siem Reap လေဆိပ်ကို မြို့ထဲကနေ ကားငှါးရင် ဒေါ်လာ ၃၀ လောက် ကုန်ပါတယ် .. လူများရင် အတူတူစု သွားရတာ တန်ပေမဲ့ .. တစ်ယောက်ထဲပေးရရင် အရမ်းများတယ်နော် .. အဲဒါမို့ အမ်မာက airport shuttle bus စီးတာ bus stop ကနေ သွားစီးရင် 8 dollars ပဲ .. hotel pickup လုပ်ခိုင်းရင် 1 dollar ပိုပေးရတော့ …..
ဥပမာ ဖိလစ်ပိုင်သွားတုန်းကဆို ဖိလစ်ပ်ုင်အကြောင်း ဘာဆိုမှမသိဘူး .. စာတွေကြိုမဖတ်ထားဘူး .. အင်တာနက်ရှိတာကို ခဏမေ့ထားလိုက် .. အင်တာနက် မပေါ်ခင်က လူတွေ ဘယ်လို ခရီးသွားကြလဲ .. အဲလို သွားကြည့်ချင်မိတယ် .. 100% offline တော့ ဘယ်ဖြစ်မလဲနော် .. အဲဒီလောက်လည်း မလွယ်ဘူးလေ .. အဲဒါမို့ .. flight tickets ဖြတ်တာ hotel ရှာတာလောက်ပဲ အင်တာနက်ကနေ ရှာတယ် .. ကျန်တာတွေက ပါးစပ်နဲ့ မေးသွားတာပဲ…
India ရဲ့ arrival card .. ထွေထွေ ထူးထူး မရှိဘူးတခြားမှာလိုပဲ .. အဓိကက အိန္ဒိယမှာ နေမဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ပဲကြည့်တာ .. ဟိုတယ်မှာ မနေလည်း .. အိမ်လိပ်စာတစ်ခုခု ထည့်ပေးလို့ရတယ် .. ဘာတွေမေးလဲဆိုတော့ .. Purpose of visit တဲ့ .. Just a tourist လို့ပဲဖြေလိုက်တာ .. ဘာမှတော့ ထပ်မမေးဘူးဆိုပေမဲ့ .. သူမမေးခင်ပြောလိုက်တာ .. I am…
မြန်မာကနေပဲဖြစ်ဖြစ် .. တခြားနိုင်ငံတွေကနေပဲဖြစ်ဖြစ် .. Darjeeling ကိုသွားချင်ရင် .. အရင်ဆုံး Kolkata ကို စီးမှ အဆင်ပြေပါမယ် .. ဘာလို့လဲ ဆိုတော့ Delhi ကနေ ဆိုရင် .. အရမ်းဝေးတဲ့ အတွက်ကြောင့် ပြည်တွင်းလေယဉ် တစ်ဆင့် ထပ်စီးမှ အဆင်ပြေမှာပါ .. Kolkata ကနေဆိုရင်တော့ ရထား သို့မဟူတ် ကားစီးလို့ရပါတယ် .. ဒါတောင် တိုက်ရိုက်မရောက်ဘူးနော် .. Silliguli ဆိုတဲ့ မြို့ကိုပဲ ရောက်မှာပါ …..
မနေ့က Instagram မှာ “slow traveling” ဆိုတဲ့ reel လေးတစ်ခုတွေ့တော့ ကိုယ့်ကိုကိုယ် မျက်စိထဲ ပြေးမြင်တယ် .. Emma က ခရီးတစ်ခုသွားရင် “နေရာ”တွေများများ ရောက်ဖို့ မရောက်ဖို့ကို ခေါင်းထဲမထားဘူး .. တစ်နေရာ ရောက်တယ်ဆိုရင်ပဲ ကိုယ် ကြိုက်သလောက် ပျော်သလောက်နေတယ် .. သူများတွေ တစ်ရက်တည်းနဲ့ နေရာ ၄၊၅ ခုလောက် ရောက်အောင်သွားကြတယ် .. အချိန်ရယ် ငွေရယ် effective ဖြစ်အောင်လည်းပါမှာပေါ့ .. အရင် တစ်ခေါက်…
social media bias တွေက ကောင်းတာတင်ချင်လည်း ရသလို .. မကောင်းချည်း တင်ချင်လည်းရတယ် (တချို့ content creator တွေ engagement များများ ရအောင် ဒီနည်းကိုသုံးကြတယ် ) တကယ်တော့ လောကကြီးမှာ အကောင်းအဆိုးက အမြဲဒွန်တွဲနေတာ .. social media က သတင်းတွေ .. သူများတွေ ပြောစကားနဲ့ လိုက်ယောင်မနေပါနဲ့ .. အမ်မာ အခု blog တွေတင်တယ် .. အဲဒါတွေကလည်း 100% မပြည့်ဝဘူး…
ညနေ ကားစီးဖို့ စောင့်ရင်း .. ဘာမှလုပ်စရာမရှိလို့ .. ဒါလေးထိုင်ရေးဖြစ်တာ .. India ကို ဘယ်လိုစသိတာလဲ ? ဆိုရင် တခြား သူတွေတော့ မပြောတတ် အမ်မာကတော့ ဇာတ်လမ်းတွေထဲက စသိတာ .. (အရင် အိန္ဒိယဆိုတဲ့ နာမည်ကိုသာ သိတာ အိန္ဒိယအကြောင်းတွေ culture တွေ ကိုကျတော့ ဇာတ်လမ်းတွေကြည့်လို့ စိတ်ဝင်စားသွားတာ) အထူးသဖြင့် ကတ်ရှမီးယားလို နေရာမျိုးပေါ့ .. ငယ်ငယ်က ကြည့်ဖူးတဲ့ အိန္ဒိယ ဇာတ်လမ်းတွေ တော်တော်များများမှာ ပါတယ်…