နောက်မှ တင်မယ်လို့ တွေးထားပေမဲ့ .. နောက်ကျရင် ပျင်းပြီး မတင်ချင်တော့မှာ စိုးလို့ အခုတစ်ခါတည်း တင်ပေးလိုက်တော့မယ် (ကိုယ့်အကြောင်းကိုယ်သိတယ် ) Bangkok ကနေ Cambodia (Siem Reap ) ကို သွားတဲ့ Giant Ibis Bus အကြောင်းလေးပါ .. အရင်ကလည်း ပြောဖူးပေမဲ့ အသေးစိတ်မဟုတ်လို့ ပြန်ပြောပေးမယ်နော် .. သူက တစ်ရက်ကို နှစ်စီး .. မနက် 6:45 AM ရယ် မနက် 9:00…
ချန်ထားရင် အကြွေးတွေပိပြီး မတင်ဖြစ်တော့မှာစိုးလို့ .. မနေ့က သွားခဲ့တဲ့ Siem reap က နေရာလေးတွေ အကြောင်း တစ်ခါတည်း တင်ပေးလိုက်တော့မယ် .. (Video တွေက ပြန်စစ် Edit ရဦးမှာ ပျင်းလို့ ဓါတ်ပုံလေးပဲ အရင်ကြည့်) ပထမဆုံး ပြောချင်တာက .. တခြား နာမည်ကြီး နေရာတွေ လည်လို့ရပါတယ် ရေတံခွန်တွေ .. သစ်တောတွေ ဒါပေမဲ့ အဲဒါကျတော့ Tour group တွေနဲ့ Join ရမှာ …..
တကယ်တော့ ဘာလီကျွန်းက အကျယ်ကြီးဖြစ်ပြီးတော့ လည်ပတ်စရာနေရာတွေလည်းများပါတယ် .. Emma သွားတုန်းကတော့ တစ်လနီးပါး (visa ကရက် ၃၀ရလို့) နေခဲ့ပေမဲ့ အချိန်မရလို့ .. ၄၊၅ ရက်လောက်ပဲ နေချင်တဲ့သူတွေအတွက် အဓိက သွားရမဲ့ နေရာလေးတွေပဲ ပြောပြပေးသွားမယ်နော် .. ပထမဆုံး လေယဉ်လက်မှတ်အကြောင်းပြောရရင် ရန်ကုန်ကနေဆိုရင်တော့ စျေးများပါတယ် အသွားအပြန်ကို USD 350-400 ဝန်းကျင်လောက်ရှိတယ် .. ဘန်ကောက်တို့ စင်္ကဦပူတို့ကနေသွားရင်တော့ တော်တော်လေး သက်သာပါတယ် .. တစ်ကြောင်းကို USD 100 ဝန်းကျင်လောက်ပဲ…
*** ပထမဆုံး အရေးကြီးတာက ဘန်ကောက်ထဲမှာ လုပ်မှပဲ ရက် ၃၀ တိုးပေးတာပါ *** တခြား မြို့တွေဆိုရင် ၇ ရက်ပဲ ပေးပါတယ် … အမ်မာ အစက Samut Parakan ရုံးကိုသွားသေးတယ် မရခဲ့ဘူးနော် … ဘန်ကောက်မှာ သက်တမ်းတိုးဖို့ဆို TM 30 က ဘန်ကောက်လိပ်စာဖြစ်ဖို့ လိုပါတယ် .. ကိုယ်နေတဲ့ နေရာက TM 30 အဆင်မပြေရင် ဝယ်လို့ရပါတယ် ဘတ် ၂၅၀ လောက်ပေးရတယ် …..
ရောက်တဲ့နေရာမှာ မိတ်ဆွေသစ် သူငယ်ချင်းအသစ်တွေရှာပါ .. သဘောကျတဲ့သူတွေ့ခဲ့ရင် လွတ်လွတ်လပ်လပ် flirt ပါ .. ပျော်စရာအမှတ်တရလေးတွေ အတူတူဖန်တီးပါ .. hiking တွေ အတူတူသွားတာ .. ဆိုင်ကယ်တစ်စီးနဲ့ တောင်တန်းတွေဆီကိုသွားကြတာ .. ကမ်းခြေမှာ ညနက်ထိ အတူတူထိုင် လှိုင်းသံလေးတွေနားထောင်ရင်း စကားတွေပြောတာ .. ကန္တာရထဲ dune တွေပေါ်လမ်းလျှောက် နေဝင်ချိန် အတူတူကြည့်တာမျိုးတွေ .. တစ်ခါတစ်လေလည်း sport bar သွား pool ကစားတာတို့ ဘောလုံးပွဲအတူတူကြည့်တာတို့ပေါ့ .. ဘဝက…
ချင်းမိုင်ကနေ ၁ နာရီကျော်လောက်ပဲ သွားရတဲ့ Doi Inthanon ဆိုတဲ့နေရာလေး .. တောင်ပေါ်ဒေသဖြစ်လို့ ရာသီဥတုက သိသိသာသာ အေးတယ် .. ထိုင်းနိုင်ငံထဲမှာ အမြင့်ဆုံးတောင်ထပ်လည်းဖြစ််တဲ့ Doi Inthanon summit ကိုလည်းသွားလို့ရပါတယ် .. အမ်မာတို့ သွားတဲ့အချိန်က မိုးရွာပြီး မြူတွေဆိုင်းနေလို့ ရှူခင်းမမြင်ရမဲ့အတူတူ ဆိုင်ကယ်နဲ့ အန္တရာယ်လည်းများလို့ မသွားခဲ့ရဘူး .. ဒါပေမဲ့ အဲဒီနေရာတစ်ဝိုက်က hotel တွေ homestay တွေ အကုန်လုံးက ရှုခင်းအရမ်းလှတယ် .. အနီးဝန်းကျင်မှာ ရေတံခွန်တွေလည်း…
English စာတတ်တယ် .. ပါးစပ်ကပြောမထွက်ဘူး .. ရုတ်တရက်ဆို ဘာပြောလို့ပြောရမှန်းမသိဘူးတို့ဆိုတာ .. လူတိုင်းဖြစ်လေ့ ဖြစ်ထရှိတဲ့ကိစ္စပါပဲ .. အထူးသဖြင့် ပြည်ပ စစရောက်ရောက်ချင်းမှာပေါ့ .. သင်တန်းတွေ ဘယ်လောက်ပဲတက်ခဲ့ တက်ခဲ့ တကယ်နဖူးတွေ့ ဒူးတွေ့ပြောရတော့မယ်ဆိုတော့ .. “ကြောင်” သွားတယ်ဆိုတာမျိုး .. ကျောင်းကဆရာတွေ တော်တော်များများကတော့ ပြောကြလိမ့်မယ် .. practice များများလုပ်ဖို့ .. ဒါပေမဲ့ တကယ့်လက်တွေ့မှာ practice လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားပြောလေ့ကျင့်တာနဲ့ .. တကယ်လိုအပ်တဲ့အချိန်မှာ information…
အမ်မာ ဒေလီရောက်တိုင်း တည်းတဲ့ hostel လေး .. ခွေးလေးတွေကိုချစ်လို့ဆိုပြီး ဘယ်မှာလဲလာမေးကြလို့ .. Qutab Minar နားမှာရှိတာပါ .. Hostel လေးက အရမ်းမိုက်တယ် .. Host တွေကလည်း လူငယ်တွေပဲ .. လွတ်လွတ်လပ်လပ်နဲ့ နေလို့ ကောင်းတယ် .. ခွေးလေးတွေကလည်း လူအရမ်းယဉ်ပြီး ချစ်ဖို့ကောင်းလို့ အမြဲတမ်း ပြန်သွားနေဖြစ်တာ .. စျေးလေးကလည်း Dorm ဆို တစ်ညကို 400 Rs (မြန်မာငွေ ၂ သောင်း)…
ရာဂျစတန်ပြည်နယ်က မြန်မာဖက်က Tour တွေသာ သိပ်မရှိတာ .. အနောက်တိုင်းသားတွေကြားမှာတော့ တော်တော်လေး နာမည်ကြီးတဲ့ touristic နေရာတစ်ခုပါ .. ပြောရမယ်ဆို အိန္ဒိယတစ်နိုင်ငံလုံးမှာ လက်ရာအမြောက်ဆုံး ဗိသုကာလက်ရာတွေ ၊ လက်မှုပစ္စည်းတွေနဲ့ ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့်ပေါ့ .. တစ်ဖက်က ပြန်ကြည့်ရင်လည်း .. တိုးတက်မှုသိပ်မရှိသလို ခေတ်လည်းနောက်ကျတယ်ပေါ့ .. အဲဒီလိုပဲ အကောင်းအဆိုးက ဒွန်တွဲနေတာပဲလေ .. တခြားပြည်နယ်တွေမှာ ခေတ်မီတိုက်တာ အဆောက်အဦးတွေ အမြောက်အများရှိပေမဲ့ .. ရာဂျစတန်မှာကတော့ …..
မြန်မာနိုင်ငံကအပြင် တခြားသော ဗုဒ္ဓဘာသာနိုင်ငံတွေအများစုကနေ သီရိလင်္ကာကို ဘုရားဖူးလာရောက်ကြတဲ့ အဓိကအကြောင်းအရင်းကတော့ မြတ်စွာဘုရားရဲ့ စွယ်တော် ဓါတ်တော်ကြောင့်ပါ .. ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလတုန်းက သီရိလင်္ကာကို ၃ ကြိမ်တိတိ ကြွဖူးခဲ့တယ်လို့ ဆိုကြပါတယ် .. အဲဒါကြောင့်လည်း ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေထဲမှာ သီရိလင်္ကာက တစ်နိုင်ငံအပါအဝင်ဖြစ်နေတာပေါ့ .. အမ်မာကတော့ ခရီးတွေသွားတိုင်း နာမည်ကြီး ဘုရားစေတီပုထိုးတွေ အပြင် .. ချက်ကျောင်း ဗလီ .. ဟိန္ဒူဘုရားကျောင်း ဆစ်ဘုရားကျောင်း .. အကုန်ရောက်အောင် သွားတာမို့ .. ဒီတစ်ခေါက်လည်း…