အခုနောက်ပိုင်း လူငယ်တွေလည်း စိတ်ဝင်စားပြီး လာမေးကြလို့ ပြောပြတာပါ ..
ဗုဒ္ဓဂါယာကို ဘုရားဖူးအဖွဲ့နဲ့မသွားဘဲ .. ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရင် အဆင်ပြေလားဆိုတော့ .. သွားလို့ရပါတယ်နော် ..
တော်တော်များများက ဗုဒ္ဓဂါယာဆိုရင် ဘုရားဖူးအဖွဲ့နဲ့ပဲ သွားရမယ် .. ဟိုမှာဘုရားတွေပဲရှိတယ်လို့ ထင်ကြတယ် ..
တကယ်တမ်းကျတော့ ဗုဒ္ဓဂါယာဆိုတာ လူတွေနေတဲ့ မြို့သေးသေးလေးပါ .. အနီးဆုံးမြို့ကြီးကတော့ ဂါယာပေါ့ .. ဂါယာနဲ့ ဗုဒ္ဓဂါယာက ကားနဲ့ဆို မိနစ် ၄၀ လောက် သွားရပါတယ် ..
တခြားမြို့တွေလိုပဲ .. ဒေသခံတွေနေကြတယ် .. စျေးတွေ ကျောင်းတွေ ဆေးရုံတွေ အစိုးရရုံးတွေရှိတယ် .. ဒါပေမဲ့ ဘုရားဖူးလာကြတဲ့ ဧည့်သည်တွေများတာမို့ hotel တွေ တည်းခိုခန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း အများကြီးရှိပါတယ် ..
ဒါတွေကို ဘာလို့ရှင်းပြနေတာလဲဆိုတော့ .. လူငယ်တွေလည်း စိတ်ဝင်စားပြီး လာချင်အောင်လို့ပါ .. လူကြီးအများစုကတော့ အထွေအထူးပြောပြစရာလိုမယ်မထင်ဘူး .. ဘုရားပွင့်ခဲ့တဲ့နေရာဆိုတော့ ရောက်ဖူးချင်ကြတယ် ..
Emma ကတော့ အိန္ဒိယတစ်နိုင်ငံလုံး တခြားမြို့တွေလည်း ပတ်သွားရင်းနဲ့ ဂါယာကိုပါ ရောက်ခဲ့တာပါ .. အနီးစပ်ဆုံး ဥပမာပေးရရင် .. ပုဂံကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွား ဟိုရောက်မှ ကားငှါးပြီး လည် .. ဘုရားဖူးသလိုမျိုး .. ဂါယာကိုလည်း လာလို့ရပါတယ် ..
လေယဉ်လက်မှတ်ဝယ် .. hotel booking လုပ်ပြီးရင် .. ဒီရောက်မှ .. auto (ခေါ်) တုတ်တုတ်လေးတွေ ငှါးပြီး တစ်နေရာနဲ့ တစ်နေရာ .. ဘုရားတွေ ပတ်ဖူးလို့ရပါတယ် .. ဘာအခက်အခဲ မှမရှိပါဘူး ..
ဘယ်လိုမျိုးသွားရမလဲ ဘယ်တွေသွားရမလဲ .. ဆိုတာ ပို့စ်တင်ထားပေးတာရှိပါတယ် ရှာဖတ်ကြည့်ပါ .. အဓိကကတော့ စာရိတ်သက်သက်သာသာနဲ့ .. guide မငှါးဘဲ ကိုယ်တိုင်သွားချင်တဲ့သူတွေကို သွားကြည့်ဖို့ အားပေးတာပါ ..
Google map နဲ့ Booking .com တို့ Agoda တို့ ကောင်းကောင်း သုံးတတ်ရင်ကို သွားလို့ရပါတယ် .. ![]()
Package တွေနဲ့ စီစဉ်ပေးလားဆိုတော့ စီစဉ်ပေးပါတယ် .. ဒါပေမဲ့ budget trip တော့ မဖြစ်ပါဘူး .. အဲဒါမို့ ကိုယ်တိုင်သွားကြဖို့ အကြံပေးတာပါ .. ![]()
