Japan ကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားပြီးတော့ ဟိုရောက်မှ လည်ဖို့အတွက် Guide လိုချင်တဲ့ လူတွေအတွက် .. Tokyo နဲ့ အနီးတစ်ဝိုက်မှာ Day Trip လေးတွေ စီစဉ်ပေးပါတယ်ရှင် ..
Day 1
ဒီတစ်ခေါက်ကတော့ ညီမလေးတစ်ယောက်က Kamakura Tour လေး သွားချင်တယ်ပြောလို့ စီစဉ်ပေးဖြစ်တာပါ .. နေ့ချင်းပြန် Day Tour လေးပါပဲ .. သွားရောက်လည်ပတ်မဲ့ နေရာတွေကတော့ ..
* Kamakura Daibutsu ဆိုတဲ့ Buddha Statue
* ဝါးပင်တောလမ်းလေးနဲ့ နာမည်ကြီးနဲ့ Hokokuji Temple
* Enoshima Island တို့ပဲဖြစ်ပါတယ် ..
ခရီးစဉ်လေးကိုတော့ ကုန်ကျစားရိတ်လည်းသက်သာ .. သွားရတာလည်း လွယ်ကူအောင် .. public transport နဲ့ပဲ စီစဉ်ပေးပါတယ် .. တချို့နေရာတွေက car parking နဲ့လည်း ဝေးပြီး သွားလာရမလွယ်ကူလို့ .. လမ်းလျှောက်သွားရတာ ပိုအဆင်ပြေပါတယ် .. လမ်းတစ်လျှောက်လည်း နေရာလှလှလေးတွေမှာ ပုံတွေရိုက်လို့ရသေးတယ်နော် .. ( private vehicle နဲ့သွားချင်သူတွေအတွက်လည်း စီစဉ်ပေးပါတယ်)
Package ထဲမှာဆိုရင် Guide fees , Entrance fees တွေ အပြင် နေ့လည်စာနဲ့ ညစာကို Japanese ရိုးရာဆိုင်တွေမှာ နာမည်ကြီးအစားအသောက်တွေ မြည်စမ်းနိုင်ဖို့အတွက်ပါ ထည့်သွင်း စီစဉ်ပေးထားပါတယ် ..
Day 2
နောက်တစ်ရက်မှာတော့ Kawagoe Tour လေးကို စီစဉ်ပေးဖြစ်ပါတယ် ..
ဒီ Tour လေးမှာတော့ Kawagoe ရှေးဟောင်းရွာကလေးကို လည်ပတ်မှာဖြစ်ပြီးတော့ ရိုးရာ ကီမိုနို ဝတ်စုံလေးနဲ့ ဓါတ်ပုံရိုက်ဖို့လည်း စီစဉ်ပေးထားပါသေးတယ် ..
အနီးအနားမှာရှိတဲ့ ဘုရားကျောင်းတွေနဲ့ ရိုးရာ အိမ်လေးတွေကို လေ့လာလို့ရမှာဖြစ်ပြီးတော့ .. Package လေးထဲမှာ နေ့လည်စာ ၊ Starbucks Coffee နဲ့ ကီမိုနိုငှါးရမ်းခတွေ ဝင်ကြေးတွေ အကုန်အပြီးအစီး ပါဝင်ပါတယ် ..
ဓါတ်ပုံလှလှလေးတွေကိုလည်း Guide ကပဲ စိတ်ရှည်လက်ရှည်နဲ့ သေချာလေးရိုက်ပေးဦးမှာမို့ .. ပုံကောင်းမရမှာ စိတ်ပူစရာမလိုဘူးနော်
Day 3 မှာ
ဖူဂျီတောင်ရှုခင်း လှလှလေးကို အနီးကပ်မြင်ရမဲ့ Arakurayama Sengen Park Tour လေးတွေပါ ..
အခုဖော်ပြပေးတဲ့ Tour တွေ အပြင် Tokyo အနီးတစ်ဝိုက် တခြား သွားချင်တဲ့ နေရာလေးတွေရှိရင်လည်း .. စီစဉ်ပေးလို့ရပါတယ် ..
အသေးစိတ်သိချင်တာလေးတွေရှိရင်တော့ messenger မှာ လာရောက် မေးမြန်းစုံစမ်း စပ်စုနိုင်ပါတယ်ရှင့်