Bombay (Mumbai)

ဟိုးအရင်တုန်းက “ဘုံဘေ” လို့ခေါ်ကြတဲ့ “မွန်ဘိုင်း” မြို့ .. မြို့တော်မဟုတ်ပေမဲ့ တစ်နိုင်ငံလုံးမှာ အတိုးတက်ဆုံးမြို့လို့လည်းပြောလို့ရတယ် .. ဆိပ်ကမ်းမြို့ဖြစ်လို့ ကုန်သွယ်ရေး စီးပွါးရေးကောင်းတယ် ၊ နောက်တစ်ခုက ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကြောင့်လည်း လူသိများတယ် ..

မြို့လည်ခေါင်မှာဆိုရင် ကိုလိုခေတ်က ရှေးဟောင်း အဆောက်အဦးတွေနဲ့ အရမ်းလှတဲ့ church ကျောင်းတွေ ၊ ဗလီတွေရှိတယ် ..

(အဲဒီလိုမျိုး ရှေးဟောင်း အဆောက်အဦးတွေ တော်တော်များများ တွေ့ဖူးပေမဲ့ .. မွန်ဘိုင်းမှာ တွေ့ရတာတွေက ပိုပြီး လက်ရာမြောက်တယ်လို့ပြောရမယ်) .. architecture တွေ ၊ heritage တွေ စိတ်ဝင်စားတဲ့ လူတွေအတွက်တော့ သုခဘုံပဲ ..

တချို့ အဆောက်အဦးတွေကတော့ ပြတိုက်ဖွင့်ထားတယ် ၊ တချို့က အစိုးရရုံးတွေ ၊ ဘူတာရုံနဲ့ တချို့ကလည်း private property ဖြစ်သွားပြီး hotel တို့ ၊ စားသောက်ဆိုင်တို့ဖွင့်ထားတယ်

အထင်ရှားဆုံး နေရာ တစ်ခုကတော့ India Gateway လို့ခေါ်တဲ့နေရာပါ .. သင်္ဘောတွေ ၊ Ferry တွေ ဆိုက်တဲ့ ဆိပ်ကမ်းဖြစ်ပြီးတော့ .. နှစ်ပေါင်းများစွာကတည်းက တည်ရှိတဲ့ မုဒ်ဦးဂိတ်ကြီးကိုလည်းတွေ့ရမှာပါ

ဒါ့အပြင် ပင်လယ်ကမ်းစပ်မှာရှိတဲ့ မြို့ဖြစ်တာကြောင့် .. sea view ရှိတဲ့ public area တွေလည်း အများကြီးရှိသေးတယ် .. နောက်တစ်ခု သွားလေ့လာကြည့်သင့်တဲ့နေရာ တစ်ခုက elephana cave ပါ .. Ferry နဲ့ တစ်နာရီလောက် သွားရပြီးတော့ အရမ်းကို ရှေးကျပြီး လက်ရာမြောက်တဲ့ .. ဘုရားဆင်းတုတွေ .. ကျောက်ဆစ်လက်ရာတွေ ရှိတဲ့ ဂူတစ်ခုပါဖြစ်ပြီးတော့ unesco မှတ်တမ်းဝင် ရှေးဟောင်း အမွေအနှစ် နေရာတစ်ခုလည်းဖြစ်ပါတယ် ..

Ferry ticket ကတော့ အသွားအပြန်ကို 260 rs ပေးရပြီးတော့ .. cave ဝင်ကြေးအတွက် .. မြန်မာနိုင်ငံသား ဆိုရင် 40 rs ပဲပေးရပါတယ် ..

Cave ထဲလေ့လာလို့ပြီးရင်တော့ တောင်ကုန်းလေးထိပ်မှာရှိတဲ့ view point နေရာလေးကိုလည်း 15 min လောက် အချိန်ပေးပြီး သွားကြည့်သင့်ပါတယ် .. အဲဒီနေရာကို cannon hill လို့ခေါ်ပြီးဆော့ အရင်တုန်းက အင်္ဂလိပ်တပ်တွေ အခြေစိုက်ခဲ့တဲ့အတွက် .. အလွန်ကြီးမားတဲ့ အဝေးပစ်အမြောက် လန ကြီးတွေလည်း တွေ့ရပါတယ် ..

Emma ကတော့ ဘုံဘေကို တကူးတကကြီး သွားလည်တာမဟုတ်ဘဲ .. Transit သဘောမျိုး ၂ ရက်လောက်ပဲ နေခဲ့တာဖြစ်လို့ မြို့တွင်းပဲ လည်ဖြစ်ခဲ့တယ် .. မြို့ပြင်မှာဆိုရင်လည်း အရမ်းလှတဲ့ တောတောင်တွေ ၊ ရေတံခွန် စမ်းချောင်းတွေက အရမ်းများလို့ အချိန်ရရင်တော့ တစ်ခါတည်း သွားလည်လို့ရပါတယ် ..

Dardar ဆိုတဲ့ နေရာမှာဆိုရင် .. travel agency တွေ အများကြီးရှိလို့ ကိုယ်တိုင် မစီစဉ်နိုင်ရင် package tour ဝယ်ပြီးတော့ India ရဲ့ နေရာအနှံ့ကို သွားရောက်လည်ပတ်လို့ရပါသေးတယ် ..

ဒီလောက်ဆိုရင်တော့ ဘုံဘေ (ခေါ်) မွန်ဘိုင်း မြို့အကြောင်းပြောတာ လုံလောက်ပါပြီိ .. တခြားသိချင်တဲ့ အကြောင်းအရာ ရှိရင်လည်း .. Emma ကို messenger ကနေ လာမေးလို့ရပါတယ် .. အဆုံးထိဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးပါ

Leave a Reply

Back to top