ဒီနေရာလေးက မသိရင် သာမန်အဆောက်အဦးတစ်ခုလိုပဲ ထင်ရပေမဲ့ .. တကယ်တမ်းကျတော့ .. သဘာဝလှိုဏ်ဂူ တစ်ခုရှိတဲ့နေရာလေးပါ ..

လှေကားအဆုံးထိ ဆင်းသွားလိုက်ရင် ဂူဝင်ပေါက်တွေ့ရပါတယ် .. အထဲမှာ တော်တော်လေး ဝင်ပြီး .. အတက်အဆင်းလှေကားတွေနဲ့ .. နောက်ဆုံး ဂူရဲ့အဆုံးမှာတော့ .. မှောင်မှောင်မဲမဲကြားထဲနေ အလင်းလေး သေးသေးလေးပဲ မြင်ရပြီးတော့ အဲဒီနေရာကနေ ရေတွေစီးကျနေတဲ့ ရေတံခွန် တစ်ခုကို မြင်တွေ့ရမှာပါ ..
ရေစီးအတော်သန်ပြီး .. ဂူထဲမှာ အလင်းရောင် အလုံအလောက် မရတာကြောင့် .. အန္တရယ်များလို့ အနားထိ ပေးမသွားပါဘူး .. ခပ်လှမ်းလှမ်းကနေပဲ .. အတားအဆီးလုပ်ထားတဲ့နေရာမှာ ကြည့်ရပါတယ် ..

တခြား ရေတံခွန်တွေ လှိုဏ်ဂူတွေအများကြီးရောက်ဖူးပေမဲ့ .. လှိုဏ်ဂူထဲက ရေတံခွန်ကိုတော့ အခုမှမြင်ဖူးတယ် ..
အဲဒီရေတံခွန်ကို ဂူအပြင်ကနေကြည့်လည်း မြင်ရပေမဲ့ .. ရေတံခွန်က တခြားနေရာတွေမှာလို တောင်ပေါ် အမြင့်က ကျတာ မဟုတ်ဘဲ .. အောက်ခြေကနေ ဂူထဲကို စီးဝင်တာကြောင့် တမျိုး ထူးခြားနေတာပါ .. ![]()
