အခုနောက်ပိုင်း လူငယ်တွေလည်း စိတ်ဝင်စားပြီး လာမေးကြလို့ ပြောပြတာပါ .. ဗုဒ္ဓဂါယာကို ဘုရားဖူးအဖွဲ့နဲ့မသွားဘဲ .. ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရင် အဆင်ပြေလားဆိုတော့ .. သွားလို့ရပါတယ်နော် .. တော်တော်များများက ဗုဒ္ဓဂါယာဆိုရင် ဘုရားဖူးအဖွဲ့နဲ့ပဲ သွားရမယ် .. ဟိုမှာဘုရားတွေပဲရှိတယ်လို့ ထင်ကြတယ် .. တကယ်တမ်းကျတော့ ဗုဒ္ဓဂါယာဆိုတာ လူတွေနေတဲ့ မြို့သေးသေးလေးပါ .. အနီးဆုံးမြို့ကြီးကတော့ ဂါယာပေါ့ .. ဂါယာနဲ့ ဗုဒ္ဓဂါယာက ကားနဲ့ဆို မိနစ် ၄၀ လောက် သွားရပါတယ် .. တခြားမြို့တွေလိုပဲ …..
အရင်တုန်းကလည်းတင်ထားတာတော့ရှိတယ် .. India Visa က တစ်နှစ် Multiple Entries ဆိုရင် .. * လျှောက်တဲ့ရက်ကစပြီး တစ်နှစ်သက်တမ်းရတယ် .. * တစ်နှစ်အတွင်း ဘယ်အချိန်သွားသွား သွားလို့ရပါတယ် .. * တစ်နှစ်အတွင်း အကြိမ်ရေကန့်သတ်မရှိ ဝင်ထွက်လို့ရပါတယ် .. * တစ်ခါဝင်ပြီးရင် အများဆုံး ရက် ၉၀ ထိနေထိုင်ခွင့်ရှိပါတယ် ( ၉၀ ပြည့်ရင် မဖြစ်မနေပြန်ထွက်ရပါတယ် ) * ဘယ်နှကြိမ်ဝင်ထားတာပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံတွင်းမှာ နေခဲ့တဲ့ စုစုပေါင်းရက်…
(လူဦးရေ ၂ ဦးကစပြီး စီစဉ်ပေးပါတယ် .. ၄ ဦးနဲ့အထက်ဆို USD 50 စီ သက်သာပါမယ်) ခရီးစဉ်တွေ အားလုံးက ဒေလီကနေ စတင်ပါမယ် .. Kashmir 6nights 7days – 800 USD/pax 5nights 6 days – 750 USD/pax Kashmir + Taj Mahal 7nights 8 days – 900 USD/pax 6nights 7days…
Day 1 (Nov 13) ***ပွင့် ဂါယာလေဆိပ်တွင် လာရောက်ကြိုဆိုပြီး ခရီးစဉ်လေးကို စတင်ပါမယ် .. ဟော်တယ်မှာ ချက်ကင်ဝင် ခဏနားပြီး ညနေပိုင်းမှာ မဟာဗောဓိ စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော် ပူဇော်ကြပါမယ် .. ပြီးနောက်မှာတော့ ဟော်တယ်မှာ ညစာစားပြီး အနားယူပါမယ် Day 2 (Nov 14) ***ဟော မနက်ပိုင်းမှာတော့ သုစာတာစေတီနဲ့ ကမာကူရ ဂျပန်ဘုရားကြီးကို သွားရောက်ဖူးမျှော်ပြီး .. မြတ်စွာဘုရား ဓမ္မစကြာတရားဟောကြားရာ .. ဗာရာဏသီရှိ မိဂဒါဝန် သို့သွားရောက်…
အမ်မာ ဒေလီရောက်တိုင်း တည်းတဲ့ hostel လေး .. ခွေးလေးတွေကိုချစ်လို့ဆိုပြီး ဘယ်မှာလဲလာမေးကြလို့ .. Qutab Minar နားမှာရှိတာပါ .. Hostel လေးက အရမ်းမိုက်တယ် .. Host တွေကလည်း လူငယ်တွေပဲ .. လွတ်လွတ်လပ်လပ်နဲ့ နေလို့ ကောင်းတယ် .. ခွေးလေးတွေကလည်း လူအရမ်းယဉ်ပြီး ချစ်ဖို့ကောင်းလို့ အမြဲတမ်း ပြန်သွားနေဖြစ်တာ .. စျေးလေးကလည်း Dorm ဆို တစ်ညကို 400 Rs (မြန်မာငွေ ၂ သောင်း)…
ရာဂျစတန်ပြည်နယ်က မြန်မာဖက်က Tour တွေသာ သိပ်မရှိတာ .. အနောက်တိုင်းသားတွေကြားမှာတော့ တော်တော်လေး နာမည်ကြီးတဲ့ touristic နေရာတစ်ခုပါ .. ပြောရမယ်ဆို အိန္ဒိယတစ်နိုင်ငံလုံးမှာ လက်ရာအမြောက်ဆုံး ဗိသုကာလက်ရာတွေ ၊ လက်မှုပစ္စည်းတွေနဲ့ ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့်ပေါ့ .. တစ်ဖက်က ပြန်ကြည့်ရင်လည်း .. တိုးတက်မှုသိပ်မရှိသလို ခေတ်လည်းနောက်ကျတယ်ပေါ့ .. အဲဒီလိုပဲ အကောင်းအဆိုးက ဒွန်တွဲနေတာပဲလေ .. တခြားပြည်နယ်တွေမှာ ခေတ်မီတိုက်တာ အဆောက်အဦးတွေ အမြောက်အများရှိပေမဲ့ .. ရာဂျစတန်မှာကတော့ …..
India ရဲ့ arrival card .. ထွေထွေ ထူးထူး မရှိဘူးတခြားမှာလိုပဲ .. အဓိကက အိန္ဒိယမှာ နေမဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ပဲကြည့်တာ .. ဟိုတယ်မှာ မနေလည်း .. အိမ်လိပ်စာတစ်ခုခု ထည့်ပေးလို့ရတယ် .. ဘာတွေမေးလဲဆိုတော့ .. Purpose of visit တဲ့ .. Just a tourist လို့ပဲဖြေလိုက်တာ .. ဘာမှတော့ ထပ်မမေးဘူးဆိုပေမဲ့ .. သူမမေးခင်ပြောလိုက်တာ .. I am…
မြန်မာကနေပဲဖြစ်ဖြစ် .. တခြားနိုင်ငံတွေကနေပဲဖြစ်ဖြစ် .. Darjeeling ကိုသွားချင်ရင် .. အရင်ဆုံး Kolkata ကို စီးမှ အဆင်ပြေပါမယ် .. ဘာလို့လဲ ဆိုတော့ Delhi ကနေ ဆိုရင် .. အရမ်းဝေးတဲ့ အတွက်ကြောင့် ပြည်တွင်းလေယဉ် တစ်ဆင့် ထပ်စီးမှ အဆင်ပြေမှာပါ .. Kolkata ကနေဆိုရင်တော့ ရထား သို့မဟူတ် ကားစီးလို့ရပါတယ် .. ဒါတောင် တိုက်ရိုက်မရောက်ဘူးနော် .. Silliguli ဆိုတဲ့ မြို့ကိုပဲ ရောက်မှာပါ …..
ညနေ ကားစီးဖို့ စောင့်ရင်း .. ဘာမှလုပ်စရာမရှိလို့ .. ဒါလေးထိုင်ရေးဖြစ်တာ .. India ကို ဘယ်လိုစသိတာလဲ ? ဆိုရင် တခြား သူတွေတော့ မပြောတတ် အမ်မာကတော့ ဇာတ်လမ်းတွေထဲက စသိတာ .. (အရင် အိန္ဒိယဆိုတဲ့ နာမည်ကိုသာ သိတာ အိန္ဒိယအကြောင်းတွေ culture တွေ ကိုကျတော့ ဇာတ်လမ်းတွေကြည့်လို့ စိတ်ဝင်စားသွားတာ) အထူးသဖြင့် ကတ်ရှမီးယားလို နေရာမျိုးပေါ့ .. ငယ်ငယ်က ကြည့်ဖူးတဲ့ အိန္ဒိယ ဇာတ်လမ်းတွေ တော်တော်များများမှာ ပါတယ်…
India မှာ ဆေးကုတယ်ဆိုတာ အစက အရမ်းခက်မယ်ထင်ထားတာ .. ၂ ခါလောက်သွားပြီးတော့ ဘာမှ ထွေထွေ ထူးထူးမရှိမှန်းသိသွားတယ် .. အမ်မာ သွားပြတာကလည်း ရောဂါကြီးကြီးမားမားလည်း မဟုတ်တာပါမှာပေါ့.. ပထမ တစ်ခါ period ကြောင့် ဗိုက်အရမ်းအောင့်လို့ သွားစစ်တာ .. သူများတွေလို အလုံးရှိတာ ဘာညာ ဖြစ်မှာစိုးလို့ .. စစ်ကြည့်လိုက်တော့ မရှိဘူးရယ် .. သွေးစစ်၊ဆီးစစ် ၊ ultrasound ရိုက်တာ အများဆုံး မြန်မာငွေနဲ့ တစိသိန်းကျော်ကျော်ပဲကျတယ် .. သောက်ဆေးပါ…
