မြန်မာကနေပဲဖြစ်ဖြစ် .. တခြားနိုင်ငံတွေကနေပဲဖြစ်ဖြစ် .. Darjeeling ကိုသွားချင်ရင် .. အရင်ဆုံး Kolkata ကို စီးမှ အဆင်ပြေပါမယ် .. ဘာလို့လဲ ဆိုတော့ Delhi ကနေ ဆိုရင် .. အရမ်းဝေးတဲ့ အတွက်ကြောင့် ပြည်တွင်းလေယဉ် တစ်ဆင့် ထပ်စီးမှ အဆင်ပြေမှာပါ .. Kolkata ကနေဆိုရင်တော့ ရထား သို့မဟူတ် ကားစီးလို့ရပါတယ် .. ဒါတောင် တိုက်ရိုက်မရောက်ဘူးနော် .. Silliguli ဆိုတဲ့ မြို့ကိုပဲ ရောက်မှာပါ …..
ညနေ ကားစီးဖို့ စောင့်ရင်း .. ဘာမှလုပ်စရာမရှိလို့ .. ဒါလေးထိုင်ရေးဖြစ်တာ .. India ကို ဘယ်လိုစသိတာလဲ ? ဆိုရင် တခြား သူတွေတော့ မပြောတတ် အမ်မာကတော့ ဇာတ်လမ်းတွေထဲက စသိတာ .. (အရင် အိန္ဒိယဆိုတဲ့ နာမည်ကိုသာ သိတာ အိန္ဒိယအကြောင်းတွေ culture တွေ ကိုကျတော့ ဇာတ်လမ်းတွေကြည့်လို့ စိတ်ဝင်စားသွားတာ) အထူးသဖြင့် ကတ်ရှမီးယားလို နေရာမျိုးပေါ့ .. ငယ်ငယ်က ကြည့်ဖူးတဲ့ အိန္ဒိယ ဇာတ်လမ်းတွေ တော်တော်များများမှာ ပါတယ်…
India မှာ ဆေးကုတယ်ဆိုတာ အစက အရမ်းခက်မယ်ထင်ထားတာ .. ၂ ခါလောက်သွားပြီးတော့ ဘာမှ ထွေထွေ ထူးထူးမရှိမှန်းသိသွားတယ် .. အမ်မာ သွားပြတာကလည်း ရောဂါကြီးကြီးမားမားလည်း မဟုတ်တာပါမှာပေါ့.. ပထမ တစ်ခါ period ကြောင့် ဗိုက်အရမ်းအောင့်လို့ သွားစစ်တာ .. သူများတွေလို အလုံးရှိတာ ဘာညာ ဖြစ်မှာစိုးလို့ .. စစ်ကြည့်လိုက်တော့ မရှိဘူးရယ် .. သွေးစစ်၊ဆီးစစ် ၊ ultrasound ရိုက်တာ အများဆုံး မြန်မာငွေနဲ့ တစိသိန်းကျော်ကျော်ပဲကျတယ် .. သောက်ဆေးပါ…
ကျန်းမာရေးပြသနာ ကြီးကြီးမားမားတော့ မရှိပေမဲ့ .. လတိုင်း period ဖြစ်ရင် ကိုက်ခဲလို့ သွားပြဖြစ်တာ .. ကိုက်တာ ခဲတာက ပုံမှန်ပဲဆိုပေမဲ့ .. အမျိုးသမီးတွေ တော်တော်များများ ဖြစ်တတ်တဲ့ သားအိမ်အလုံးတည်တာတို့ .. ရေအိတ်ဆိုလား ဘာလား ကိုယ်လည်းသေချာတော့မသိဘူး .. ခဏခဏ ကြားဖူးနေလို့ .. တစ်ခုခုဆို ကြိုကြိုတင်တင် သိရအောင် သွားစစ်ကြည့်တဲ့သဘောပါပဲ .. ဒီ kolhapur မှာက တခြားမြို့ကြီးတွေလို international hospital တွေတော့မရှိပေမဲ့ သူ့ဟာနဲ့သူတော့ ဓါတ်ခွဲခန်းတွေ…
Mountain man ဆိုတဲ့ အိန္ဒိယ ဇာတ်လမ်းလေး ကြည့်ဖူးတဲ့သူတွေရှိမယ် ထင်တယ် .. တကယ်အဖြစ်အပျက်ကို ပြန်ရိုက်ထားတာ .. အိန္ဒိယနိုင်ငံ ရွာငယ်လေးမှာ ရှိတဲ့သူတစ်ယောက်အကြောင်းပေါ့ .. သူတို့နေတဲ့ နေရာဟာ ဆေးရုံရှိတဲ့ မြို့နဲ့ အတော်လေး ဝေးတာကြောင့် .. သူ့ရဲ့ဇနီးဖြစ်သူဟာ ဆေးရုံပို့ဖို့ကြိုးစားရင်းနဲ့ပဲ သေဆုံးသွားတယ် .. အဲဒါကြောင့်မို့ ဒီလိုမျိုးတွေထပ်မဖြစ်ရအောင်လို့ .. လမ်းမှာ ကာဆီးထားတဲ့တောင်ကြီးကို တူတစ်လက်ထဲနဲ့ ဘာစက်ပစ္စည်းမှမပါဘဲ ဖြိုပြီး လမ်းဖောက်ခဲ့တာ .. ၂၂ နှစ်ကြာတဲ့အခါမှာ အောင်မြင်စွာနဲ့ ဖောက်လုပ်နိုင်ခဲ့တဲ့…
India Visa က Reject ဖြစ်တာ တော်တော်လေးရှားပါတယ် .. ဘယ်လို အခြေအနေတွေမှာ Reject ဖြစ်တတ်လဲ လေ့လာကြည့်ရအောင် .. * Form ဖြည့်စဉ်က အချက်အလက်နဲ့ attached တွဲတင်ပေးလိုက်တဲ့ passport ၊ဓါတ်ပုံ ထဲက အချက်အလက်တွေ မတူတာ .. (ဓါတ်ပုံဆိုရင်လည်း passport ထဲက လူနဲ့မတူတာ ) * Passport expired ဖြစ်နေတာ ၊ ခြောက်လ သက်တမ်း မကျန်တော့တာ * အရင်က…
ဘုရားဖူးရာသီလည်းဖြစ်ပြီးတော့ .. အမ်မာ့ဆီ India visa လာလုပ်တဲ့ customers တွေအများစုကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဗုဒ္ဓဂါယာကို ဘုရားဖူးလေး သွားချင်ကြတယ်ပြောလို့ .. သွားလို့အဆင်ပြေမဲ့ လမ်းကြောင်းလေးတွေ အမ်မာပြောပြပါမယ် .. ရန်ကုန်ကနေ ဂါယာကို ဒီရာသီမှာ တိုက်ရိုက် လေယဉ်ရှိပေမဲ့ လက်မှတ်ဝယ်ဖို့ မလွယ်ပါဘူး .. ဘုရားဖူး အဖွဲ့တွေ company တွေကိုပဲ အဓိကရောင်းလို့ပါ .. အဲဒါကြောင့်မို့ ကိုယ့်ဖာသာ သွားမယ်ဆိုရင် Kolkata ကနေ တဆင့် ပြည်တွင်းလေယဉ် .. ဒါမှမဟုတ်…
မြန်မာ Passport ကိုင်ထားတဲ့သူဆိုရင် .. လက်ရှိဘယ်နိုင်ငံပဲရောက်နေနေ India ကို Visa ကြေး Free နဲ့ 1 year multiple entries လျှောက်လို့ရပါတယ် .. India e-Visa (Visit) လျှောက်ဖို့အတွက်ဆိုရင် အရင်တုန်းက India ရောက်ခဲ့ဖူးရင်တော့ Visa Type က 1 year multiple entries ပါ တစ်ခါနေရင် အများဆုံး ရက် ၉၀ ထိနေလို့ရပါတယ် .. service charges…
၁။ အလုပ်လုပ်မဲ့သူတွေမလာပါနဲ့ .. ဒီမှာနေပြီး online ကနေ တခြား freelance or remote လုပ်တဲ့သူတွေလာလို့ရပါတယ် .. ၂။ အစားအသောက်ဂျီးများရင်အမလာပါနဲ့ .. မြန်မာတွေစားနေကျအရသာမျိုးတွေ ရှိဖို့မလွယ်ပါဘူး .. Indian food တွေ ကြိုက်တတ်တယ်ဆိုရင်တော့ အစားအသောက်မရှားပါဘူး .. ၃။ လူတွေနဲ့အရမ်းကြီးဆက်ဆံရေးအဆင်မပြေတဲ့ introvert type တွေနဲ့အဆင်မပြေပါ .. local တွေက ခင်ဖို့ကောင်းတဲ့သူတွေလည်းရှိသလို တချို့စွာတတ်တဲ့ သူတွေလည်းရှိပါတယ် .. အားလုံးနဲ့ လိုက်လျောညီထွေ နေတတ်တဲ့သူမျိုးမှအဆင်ပြေမှာပါ …..
ဗုဒ္ဓဂါယာမြို့လေးက အပူပိုင်းမိုးနည်းဒေသမှာတည်ရှိတာပါ .. မြို့ထဲဝင်ဝင်ချင်း ခံစားမိတာက မြန်မာပြည်က အညာဒေသကိုရောက်သွားသလိုပဲ .. ထန်းပင်တွေ မကျည်းပင်တွေနဲ့ .. ဖုန်လေးလည်းရှုရသေးတယ် .. လယ်ကွင်းတွေ စိုက်ခင်းတွေများတယ် .. နွားတင်းကုပ်တွေ ကောက်ရိုးပုံတွေနဲ့ တကယ့်ကဗျာဆန်ဆန်ပဲ .. ကိုယ်ဆိုရင် ကောက်ရိုးပုံဘေး ပို့စ်ပေးခဲ့သေးတယ် .. ရာသီဥတုကလည်း အညာလိုပဲ နွေရာသီဆိုရင်တော့ တော်တော်လေးပူတယ် .. ဒါပေမဲ့ နောက်လ June ကစပြီး မိုးနည်းနည်း စရွာမယ်ဆိုတော့ အပူလျော့ပြီး နေလို့ထိုင်လို့ အဆင်ပြေတယ် .. အကောင်းဆုံးအချိန်ကတော့…
