မနာလီ – ရှင်းမလား (၅ညအိပ် ၆ရက်)

Day 1

ဒေလီလေဆိပ်မှ ကြိုဆိုပြီး .. မနာလီကို ကားဖြင့် (၁၀ နာရီခန့်) သွားရပါမယ် .. လမ်းတစ်လျှောက်မှာ ဟိမဝန္တာတောင်တန်းတွေရဲ့ သဘာဝ အလှတွေကို ကြည့်ရှုခံစားနိုင်မှာပါ

မနာလီကို ညနေဖက်မှာ ရောက်ရှိမှာဖြစ်ပြီး .. ဟော်တယ်မှာ တစ်ညတာ နားခိုပါမယ်

Day 2

မနာလီ တောင်ကြားမှာရှိတဲ့ လည်ပတ်စရာ နေရာတွေ ၊ ဘုရားကျောင်းတွေနဲ့ တခြား ရေခဲပြင်မှာ လုပ်လို့ရတဲ့ activities တွေကို ပြုလုပ်လို့ရပါတယ် .. ညနေရောက်ရင်တော့ မြို့ထဲလမ်းလျှောက် လည်ပတ်ပြီး ဟိုတယ်မှာ တစ်ညတာ ထပ်တည်းခိုပါမယ်

Day 3

မနက်စာ စားပြီးချိန်မှာ မနာလီမှ ရှင်းမလားကို (ကြာချိန် ၁၀ နာရီခန့်) ကားဖြင့်ထွက်ခွါပါမယ် ..

ရှင်းမလားကို ညနေဖက်မှာ ရောက်ရှိမှာ ဖြစ်ပြီး ဟိုတယ်မှာ တစ်ညတာ အနားယူပါမယ် ၊ ညနေစောင်းကို ရှင်းမလား စျေးထဲပတ်ပြီးစျေးဝယ် မုန့်စားကြပါမယ်

Day 4

ရှင်းမလားမြို့မှာ ရှိတဲ့ လည်ပတ်စရာ နေရာတွေကို local guide နဲ့အတူတူ သွားရောက် လည်ပတ်မှာဖြစ်ပါတယ် .. တိဘက်ဘုန်းကြီးကျောင်း နဲ့ ဟိန္ဒူဘုရားကျောင်းတွေ .. ရှေးဟောင်း ချက်ကျောင်းတွေပါဝင်ပါတယ် …. ညရောက်တဲ့ အခါမှာတော့ ရှင်းမလား ဟော်တယ်မှာပဲ တစ်ည အနားယူပါမယ် ..

Day 5

ရှင်းမလားမှ ဒေလီကို ကားဖြင့် ၁၀ နာရီခန့် ခရီးဆက်မှာ ဖြစ်ပြီးတော့ .. ဒေလီရောက်ချိန်မှာ ဟိုတယ်တွင် တစ်ည အနားယူပါမယ် ..

Day 6

ဟိုတယ်မှာ မနက်စာစားပြီး လေဆိပ်ကို ပို့ပေးပါမယ် ..

Package ထဲမှာ ပါဝင်တာတွေက

* ဟိုတယ် ၅ ည

* ခရီးလမ်းတစ်လျှောက် ကားခ

* ဧည့်လမ်းညွှန်

* မနက်စာ နှင့် ညစာ

* ရေသန့်ဗူး

Package ထဲ မပါဝင်တာတွေက

* ခရီးသွားအာမခံ

* နေ့လည်စာ နှင့် တခြား အစာပြေမုန့်များ

* ဝင်ကြေးများ

* ရေခဲပြင် activities ကြေးများ

* မြင်းစီးခ

* တခြား တဆင့်စီးရသော ကေဘယ်ကားနှင့် ဂျစ်ကားများ

* စျေးဝယ်သော အဖိုးအခများ

Budget ခရီးစဉ်လေး ဖြစ်လို့ 3 stars Hotel လေးမှာပဲ စီစဉ်ပေးထားပါတယ် ..

အနည်းဆုံး ၆ ယောက်ကပြီး .. တစ်ယောက်ကို အနည်းဆုံး *** USD 899 *** ကစပြီး ရှိပါမယ် ..

တည်းခိုတဲ့ ဟော်တယ်ပေါ် မူတည်ပြီး .. USD 1099 နဲ့ USD 1199 ထိ အစားစားရှိပါတယ် ..

(မှတ်ချက် .. လူ ၆ ယောက်အောက် ဆိုရင်တော့ စျေးနည်းနည်း ပိုပါမယ်)

တခြား request လုပ်ချင်တာ ရှိရင်လည်း ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်ရှင် ..

သိချင်တာလေးတွေ အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ် .. 🥰

Leave a Reply

Your email address will not be published. Required fields are marked *

Back to top