Home

Welcome Guys!

Emma ရဲ့ Wayk Travel Website လေးကနေ ကြိုဆိုပါတယ် … ခရီးသွား အကြောင်းအရာတွေ ဝေမျှပေးတဲ့ posts လေးတွေကို နိုင်ငံအလိုက် ရှာပြီးဖတ်လို့ရသလို … တခြား general information တွေဖြစ်တဲ့ visa နဲ့ ပတ်သတ်တာ .. မှတ်စုလေးတွေကို Notes ဆိုတဲ့ categories အောက်ထဲမှာ ရှာဖတ်ကြည့်လို့ရပါတယ် .. ဒီထက်ပိုပြီး အသေးစိတ် သိချင်တာရှိရင်လည်း Emma ရဲ့ Facebook Page လေးကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ကိုယ်တိုင်လည်း ခရီးသွားရတာကြိုက်သလို .. သူများတွေကိုလည်း ခရီးသွားဖို့ အားပေးပြီးတော့ .. အတွေ့အကြုံလေးတွေ ဝေမျှရတာသဘောကျတာကြောင့် ဒီ blog လေးကို စပြီးလုပ်ဖြစ်တာပါ .. အရင်ကတော့ မြန်မာနိုင်ငံမှာပဲ တစ်ချိိန်ချိန်ကျရင် Travel & Tourism လုပ်ငန်းလေး လုပ်မယ်လို့ စိတ်ကူးထားပေမဲ့ .. အကြောင်း အမျိုးမျိုးကြောင့် လုပ်ခွင့်မရခဲ့ဘူးပေါ့နော် .. ဒါပေမဲ့လည်း အခွင့်အလမ်းလေးရှာပြီးတော့ တခြားနိုင်ငံမှာ လုပ်ကြည့်မယ်လို့ စဉ်းစားကြည့်တော့ မြန်မာ ခရီးသွားတွေကြားမှာ အရမ်းကို under rated ဖြစ်တဲ့ India ကိုသွားပြီး သတိရပါတယ် ..

Budhgaya Tour

Coming Soon ..

တကယ်တမ်းကျတော့ India က သူများတွေထင်သလို နေရာတိုင်း စိတ်မချရတာတို့ မသန့်ရှင်းတာတို့ မဟုတ်ပါဘူးနော် .. ကိုယ်သွားတဲ့နေရာအပေါ်မှာ မူတည်တာပါ .. India မှာ အရမ်းကို လှပအေးချမ်းပြီးတော့ လည်လို့ပတ်လို့ ကောင်းတဲ့ နေရာတွေအများကြီးရှိပါတယ် .. Emma လည်း နေရာစုံအောင်တော့ မရောက်ဖူးသေးပါဘူး .. Emma ရောက်ဖူးတဲ့နေရာတွေထဲက နေ recommend ပေးပါဆိုရင် Goa နဲ့ Kerala တို့ကိုပြောရမှာပါ ..

အဲဒီနေရာတွေရဲ့ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ပို့စ်တွေမှာ ရှာဖတ်ကြည့်လို့ရပါတယ် အခုတစ်ခေါက်မှာတော့ .. Kolkata , Gaya နဲ့ Varanasi မြို့တွေကို သွားလည်ပြီးတော့ မြန်မာတွေ တော်တော်များများ သွားကြလေ့ရှိတဲ့ ဗုဒ္ဓဂါယာ ခရီးစဉ်လေးအကြောင်း review ပြန်ပေးမယ် .. နောက်ပြီးတော့ Tour Plan လေးလည်းဆွဲပြီး Private Tour လေးတွေ စီစဉ်ပေးမှာပါ .. ခရီးစဉ်လေးရဲ့ အသေးစိတ် အကြောင်းအရာတွေ နဲ့ videos တွေကို မကြာခင် တင်ပေးမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါဦးနော် .. အားလုံးကို ကျေးဇူးတင်ပါတယ်

Back to top