Home

Mingalarba!

Emma ရဲ့ Wayk Travel Website လေးကနေ ကြိုဆိုပါတယ် … ခရီးသွား အကြောင်းအရာတွေ ဝေမျှပေးတဲ့ posts လေးတွေကို နိုင်ငံအလိုက် ရှာပြီးဖတ်လို့ရသလို … တခြား general information တွေဖြစ်တဲ့ visa နဲ့ ပတ်သတ်တာ .. မှတ်စုလေးတွေကို Notes ဆိုတဲ့ categories အောက်ထဲမှာ ရှာဖတ်ကြည့်လို့ရပါတယ် .. ဒီထက်ပိုပြီး အသေးစိတ် သိချင်တာရှိရင်လည်း Emma ရဲ့ Facebook Page လေးကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

Bodhgaya 3 Nights
Bodhgaya 4 Nights
Kashmir 4 Nights

ဗုဒ္ဓဂါယာ ၃ ညအိပ် (USD 300) ဗုဒ္ဓဂါယာ-ဗာရာဏသီ ၄ ညအိပ် (USD 390) မနာလီ-ရှင်းမလား ၅ ညအိပ် (USD 480) ကတ်ရှမီးယား ၄ ညအိပ် (USD 669) Hotel + Transportation + Meal (3 times) Visa + Guide (Flight tickets မပါဝင်ပါ) လူဦးရေ ၂ ယောက်ကစပြီး စီစဉ်ပေးပါတယ် .. မြန်မာကမဟုတ်ဘဲ တခြား နိုင်ငံတွေကနေလည်း လာချင်ရင် .. Gaya/Delhi လေဆိပ် ကနေစပြီး ကြိုပေးပါတယ် .. အသေးစိတ်သိချင်ရင် .. messenger မှာ စုံစမ်းလို့ရပါတယ်ရှင့် ..

Srilanka Visa

ဟိုတလောတုန်းက ပိတ်ထားတဲ့ သီရိလင်္ကာ Evisa လျှောက်တဲ့ website လေး ပြန်ဖွင့်နေပါပြီ .. သွားမဲ့သူ ကိုယ်တိုင် လျှောက်လို့ရပါတယ် .. Agent မလိုပါဘူး .. Personal Details လေး ဖြည့် .. ကိုယ်သွားမဲ့ရက် တည်းမဲ့ လိပ်စာလေးနဲ့ဆို အဆင်ပြေပါတယ် .. တခြား စာရွက်စာတမ်းတွေ ဘာမှ မလိုပါဘူး .. (Website Link ကို comment မှာ ချပေးထားပါမယ်) Payment ကိုတော့ visa/master card တွေနဲ့ ပေးလို့ရပါတယ် .. TR 30 days အတွက်ကို USD 50 + bank charges ပါ .. Form ဖြည့်တဲ့ နေရာမှာတော့ မှန်မှန်ကန်ကန် သတိလေးထားဖြည့်ပေးပါနော် .. တစ်ခုခု အမှားအယွင်းရှိခဲ့ လို့ reject ဖြစ်ခဲ့ရင် refund ပြန်မရပါဘူး .. (အဲဒါကတော့ထုံးစံပဲနော် .. ဘယ်နိုင်ငံပဲလျှောက်လျှောက် reject ဆို visa fees ပြန်မရပါဘူး) ဒါပေမဲ့ ကိုယ့်ဖက်က အမှားအယွင်းမရှိခဲ့ရင်တော့ Evisa အများစုက approved ဖြစ်ပါတယ် .. ကိုယ် သွားရောက်မဲ့ နေ့မှာတော့ immigration ဖြတ်တဲ့အချိန် .. အပြန်လက်မှတ် ၊ hotel booking နဲ့ show money ပြဖို့လိုပါတယ် .. တခြား သိချင်တာလေးတွေရှိရင်လည်း messenger မှာလာရောက်မေးမြန်းနိုင်ပါတယ် ..

India Evisa

India visa (1 year multiple entries) လျှောက်ဖို့အတွက်ဆိုရင်

* Passport

* ဓါတ်ပုံ (အဖြူနောက်ခံ)

* ၁၀ နှစ်အတွင်းသွားခဲ့ဖူးတဲ့ နိုင်ငံတွေရဲ့စာရင်းနဲ့

* အဖေ၊အမေ နာမည် လိုအပ်ပါတယ် ..

အရင်တုန်းက India ရောက်ခဲ့ဖူးရင်တော့

* အရင် Visa အဟောင်းက နံပါတ်

* Issue date နဲ့

* ရောက်ခဲ့ဖူးတဲ့မြို့ (နေရာ) လိုအပ်ပါတယ်..

service charges က တစ်ယောက်ကို ၅သောင်း .. Visa ကြေး free .. ကြာချိန်က အများဆုံး ၂ ရက်ပါ

Vietnam Evisa

90 Days Single Entry – 40 USD

90 Days Multiple Entries – 65 USD

ကြာချိန် ၃ – ၅ ရက်အတွင်း .. (ရုံးပိတ်ရက်တွေမပါဝင်ပါ)

လိုအပ်တဲ့ အချက်အလက်တွေကတော့

  1. Passportဓါတ်ပုံ (အဖြူနောက်ခံ)
  2. ဓါတ်ပုံ (အဖြူနောက်ခံ)Passport 
  3. အလုပ်အကိုင်
  4. ဗီယက်ကို သွားရောက်မည့် နေ့ရက်
  5. သွားရောက်မည့် မြို့ (လေဆိပ် သို့မဟုတ် နယ်စပ်ဂိတ်) 
  6. ပြန်ထွက်မည့် လေဆိပ် သို့မဟုတ် နယ်စပ်ဂိတ်
  7. ယခင်က ဗီယက်နမ်ကို ဝင်ရောက်ဖူးခြင်း ရှိမရှိ (ရှိလျှင် သွားရောက်ခဲ့သည့် ရက်စွဲ နှင့် အကြောင်းအရာ)

Back to top